ရှော်ကဲ

September 23, 2018

ဘိုင်ယန်မြူးနစ်က ရှော်ကဲကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွတ်ဒတ်စ်လီဂါ ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ ရှောကဲကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာပဲ ရော်ဒီဂတ်က ခေါင်းတိုက် သွင်းယူပါတယ်။ ဒီဂိုးဟာ ကိုလံဘီယာ ကွင်းလယ်သမား ရော်ဒီဂတ်အတွက် ဒီရာသီမှာ ပထမဆုံးသွင်းတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ဘိုင်ယန်ကပဲ တဖက်သတ် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဒုတိယဂိုး ရော်ဒီဂတ်ရဲ့ ထိုးဖောက်မှုကြောင့် ပင်နယ်တီကနေ ရသွားပါတယ်။ အဲဒီပင်နယ်တီကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ကစားထားတဲ့ ၄ ပွဲစလုံး အနိုင်ရထားတဲ့အတွက် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ရှောကဲကတော့ ရမှတ်မရှိသေးဘဲ အဆင့် ၁၇ မှာ ရှိနေပါတယ်။
3 years Ago
Up