ရှောင်လင်

July 6, 2018

ကွန်ဖူးသင်ရန် စိတ်ထက်သန်သည့် ကန်ကျောင်းသား ၂ဝဝ ကျော် ရှောင်လင်ကျောင်းရောက် (ရုပ်သံ)

တရုတ်လူမျိုးတွေရဲ့ ကွန်ဖူးပညာဟာ နာမည်ကြီးပြီး ရှောင်လင်ကျောင်းတော်ဟာလည်း ကိုယ်ခံပညာရပ်သင် ပရိသတ်တွေအဖို့ အထွတ်အမြတ်ထားရာ နေရာတခုဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမေရိကန်နိုင်ငံက ကွန်ဖူးပညာရပ်ကို စိတ်ဝင်တစား လေ့လာသင်ယူလိုကြတဲ့ အမေရိကန်ကျောင်းသား ၂၃၅ ယောက်ဟာ ရှောင်လင်ကျောင်းတော်ကို လာရောက်လေ့လာခဲ့ကြတာကို ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က တရုတ်နိုင်ငံအလယ်ပိုင်း၊ ဒန်ဖန်းစီရင်စု နယ်မြေထဲမှာ တည်ရှိတဲ့ ရှောင်လင်ကျောင်းတော်ရှိရာ ရောက်လာခဲ့ကြတာပါ။ အဲဒီအုပ်စုထဲက ကွန်ဖူးပညာရပ်သင်ဖို့ စိတ်အားထက်သန်သူ ယန်ဒန်က “ကျနော်က ဒီပညာရပ်ရဲ့ သမိုင်းနဲ့ ဒဿနကိုသာမက ကစားပုံအလှကိုပါ နှစ်သက်ပါတယ်” လို့ ပြောပါတယ်။ သူတို့ဟာ ကျောင်းတော်မှာ ဂါရဝပြုဖို့ ဒူးထောက်ဦးညွတ်ခဲ့ကြတာကိုလည်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
3 years Ago

November 12, 2016

ရှောင်လင်ဘုရားကျောင်းထဲက ရင်သပ်ရှုမောဖွယ် တိုက်ခိုက်ရေးစွမ်းရည် (ဓာတ်ပုံ)

ရှောင်လင်ကွန်ဖူးရဲ့ မွေးရပ်မြေဖြစ်တဲ့ တရုတ်နိုင်ငံ အလယ်ပိုင်း ဟန်နန်ခရိုင်မှာရှိတဲ့ ရှောင်လင်ဘုရားကျောင်းထဲက သစ်ပင်အောက်မှာ ဘုန်းကြီးတွေက တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်နေတဲ့ ပုံတွေကို စီစီတီဗွီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရင်သပ်ရှုမောဖွယ် မြင်ရပါတယ်။ ဒီတိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်နေပုံက သဘာဝ သုခုမမူဟန်ကို ခွန်အားနဲ့ ရောယှက်နေတဲ့ သဏ္ဌာန်ပါ။ တရုတ်နိုင်ငံရဲ့ ရှေးခတ် အေဒီ ၄၉၅ ခုနှစ်လောက်ကနေ အခုထိ ခေတ်စားနေတဲ့ ရှောင်လင်ဝူရှူး ဒါမှမဟုတ်ကွန်ဖူးလို့ ခေါ်ကြတဲ့ တရုတ်ရိုးရာ တိုက်ခိုက်နည်းက တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံး တိုက်ခိုက်မှုအနုပညာတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
5 years Ago
Up