ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသူများကို ဇန်န၀ါရီလအတွင်း ခုံရုံးဖွဲ့စစ်ဆေးမည်

November 6, 2018

ရွေးကောက်ပွဲကုန်ကျစရိတ် မတင်ပါက အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရမည်

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း တင်သွင်းကြဖို့နဲ့ မတင်သွင်းပါက အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေး နှိုးဆော်လိုက်ပါတယ်။ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးဟာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့ အမည်စာရင်း တင်သွင်းခဲ့ကြတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းပုံစံ ၂၀ နဲ့ တင်သွင်းကြရမယ်လို့ ဆိုပါတယ်။ ကုန်ကျစရိတ်စာရင်း မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်း ခံရမှာဖြစ်လို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြဖို့ ကော်မရှင်က နိုဝင်ဘာ ၅ ရက်နေ့စွဲနဲ့ အသိပေးနှိုးဆော်စာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦး စုစုပေါင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago

April 4, 2017

ရွေးကောက်ပွဲကုန်ကျစရိတ်တင်ရန် ပျက်ကွက်သူကို အရည်အချင်းပျက်သူအဖြစ် ကြေညာမည်

ပြီးခဲ့တဲ့  ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တစ်လအတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး နှိုးဆော်လိုက်ပါတယ်။ ကိုယ်စားလှယ်အမည်စာရင်း ကြေညာတဲ့ ရက်ကစလို့ တလအတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရမှာဖြစ်ပြီး ပျက်ကွက်ရင် ရွေးကောက်ပွဲနည်းဥပဒေအရ ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ် ကြေညာခံရမှာ ဖြစ်ပါတယ်။ ဧပြီ ၁ရက်ကြားဖြတ်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်းပေါင်း ၉၄ ဦးဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၁၉ ဦးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
6 years Ago
Up