ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း

June 22, 2015

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းလျာထားမှု အန်အယ်လ်ဒီ အဆင်သင့်ဖြစ်ပြီ

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းလျာထားမှု အဆင်သင့်ဖြစ်နေပြီလို့ ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက​ ပြောပါတယ်။ ရန်ကုန်မြို့ ​တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၂၀ နဲ့ ၂၁ ရက် ​နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ အန်အယ်လ်ဒီ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်း​ထောက်​တွေကို ​ပြောဆိုခဲ့တာပါ။ အန်အယ်လ်ဒီ ​ပြော​ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကိုယ်စားလှယ်​လောင်း ​ရွေးချယ်ဖို့ကိစ္စကို ကျ​နော်တို့ အချက်အလက်​တွေ အ​တော်များများ ​ဆွေး​နွေးပြီးပါပြီ။ ဒီ​နေ့​ နေ့ခင်းမှာ ကျ​နော်တို့လုပ်တဲ့ အစည်းအ​ဝေးမှာလည်း အဲဒါ​တွေ​ ဆွေး​နွေးထားပါတယ်။ ကျ​နော်တို့ ​ကြေညာဖို့ အချိန်​ရောက်တာနဲ့ အဆင်သင့်​လောက်နီးနီး ပြီးနေပါပြီ။” အဲဒီအစည်းအ​ဝေးက​နေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး၊ နိုင်ငံသား အခွင့်အရေးတွေ ကာကွယ်နိုင်ရေးတို့အတွက် မဲစာရင်း စိစစ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲ အောင်နိုင်ရေးဟာ အဖွဲ့ချုပ် အောင်နိုင်ရေးမဟုတ်ဘဲ ဒီမိုကရေစီ ပြည်ထောင်စု အောင်နိုင်ရေး၊ ပြည်သူပြည်သားများ အောင်နိုင်ရေး ဖြစ်စေဖို့နဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်တာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပြီးသတ် ဆုံးဖြတ်ဖို့ စတဲ့ အချက် ၄ ချက်ကို ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့ဒီထဲက မဲစာရင်းစိစစ်​ရေးနဲ့ ပတ်သက်ပြီး မိတ်​ဆွေဖြစ်နိုင်တဲ့သူ​တွေ၊ လူငယ်​တွေနဲ့ စည်းရုံး​ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အန်အယ်လ်ဒီ ​ပြော​ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း​က “ကြိုးစားသွား​နေတဲ့အချိန်မှာ သိတဲ့အတိုင်းပဲ ကျ​နော်တို့က ပါတီတခုပါ။ အင်အားဘယ်​လောက်ပဲကြီးကြီး လူဦး​ရေအားဖြင့် အလွန်များတာ မဟုတ်ပါဘူး။ အဲဒီ​တော့ ကျ​နော်တို့က ကျ​နော်တို့နဲ့ မိတ်​ဆွေဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်​တွေ၊ လူငယ်​တွေ ကျ​နော်တို့ စည်းရုံးပြီး​တော့ ​ရှေ့လုပ်ငန်းမှာ အဲဒီမဲစာရင်းစိစစ်​ရေး လုပ်သွားဖို့ ဒီ​နေ့ ကျ​နော်တို့ စဉ်းစားဆုံးဖြတ်ထားပါတယ်။ နိုင်​အောင်ကြိုးစားမယ်။” အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ဟာ ပါတီဝင်ဦး​ရေ​ ၄ သန်း​ကျော်ရှိပြီး ၂၀၁၂ ကြားဖြတ်​ ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ​တွေထဲမှာ မဲဆန္ဒနယ် ၄၃ ​နေရာအနိုင်ရရှိပြီး ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့တဲ့ပါတီလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂၀ ရက်နဲ့ ၂၁ ရက် နှစ်ရက်တာ ကျင်းပခဲ့ပြီး အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေနဲ့ ဗဟိုကော်မတီဝင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
6 years Ago
Up