ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်အရာရှိရာထူးနှင့် မီဒီယာမဟာဗျူဟာမှူးရာထူးအတွက် ခန့်အပ်

November 14, 2016

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်အရာရှိရာထူးနှင့် မီဒီယာမဟာဗျူဟာမှူးရာထူးအတွက် ခန့်အပ်

အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့အိမ်ဖြူတော်အရာရှိ ရာထူးနဲ့ မီဒီယာမဟာဗျူဟာမှူး ရာထူးတွေအတွက် သင့်တော်တဲ့သူတွေကို နိုဝင်ဘာ ၁၃ ရက်နေ့က ရွေးချယ်လိုက်ပါတယ်။ ဒေါ်နယ်ထရမ့်က ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီဥက္ကဋ္ဌ ရိမ်းစ်ဖရီးဘတ်စ် (Reince Priebus) ကို အိမ်ဖြူတော်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဘရိပ်ဘတ် (Breitbart) သတင်းဌာနရဲ့ ဥက္ကဋ္ဌ စတီဖင် ဘန်နွန် (Stephen Bannon) ကိုတော့ သူ့ရဲ့ မီဒီယာမဟာဗျူဟာမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အိမ်ဖြူတော်အရာရှိချုပ်ဟာ အမေရိကန်လွှတ်တော်နဲ့ အစိုးရကို ချိတ်ဆက်ပေးတဲ့ ထိပ်တန်းအရာရှိရာထူးလည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ မီဒီယာမဟာဗျူဟာမှူး ဘန်နွန်ကတော့ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအရာရှိချုပ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမတိုင်ခင် အထူးရေပန်းစားခဲ့ပြီး အရွေးကောက်ခံရမယ်လို့ ယုံကြည်ခဲ့ကြတဲ့ ဟီလာရီကလင်တန်ကို အနိုင်ရရှိသွားတဲ့အတွက် တကမ္ဘာလုံး အံ့သြခဲ့ကြတာပါ။ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ကို ဝင်ရောက်မှာပါ။ ဒီကြားမှာ အမေရိကန် CBS ရုပ်သံနဲ့ တွေ့ဆုံဖြေကြားခန်းမှာတော့ ဒေါ်နယ်ထရမ့်က ရာဇဝတ်ပြစ်မှုမကင်းတဲ့ အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင်နေထိုင်သူ ၃ သန်းလောက်အထိ နေရပ်ရင်းပြန်ပို့မယ်၊ ဒါမှမဟုတ် အရေးယူမယ်၊ အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်တဲ့ လိင်တူလက်ထပ်ခွင့်ကို ပယ်ဖျက်မှာ မဟုတ်ဘူး၊ အမေရိကန်သမ္မတရဲ့ တနှစ်တာလစာ အမေရိကန်ဒေါ်လာ ၄ သန်းကို ယူမှာမဟုတ်ဘဲ တနှစ်ကို တဒေါ်လာပဲယူမယ်လို့ ပြောဆိုထားပါတယ်။
5 years Ago
Up