ရွေးချယ်ခံထားရ

A d v e r t i s e m e n t With Us

September 11, 2016

အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲ သိန်းသိန်းအေး ဒိုင်လုပ်ရန် ရွေးချယ်ခံထားရ

လာမယ့် ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ မြန်မာအမျိုးသမီး ဒိုင်လူကြီး သိန်းသိန်းအေး ရွေးချယ်ခံထားရတယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ပါတယ်။ သိန်းသိန်းအေးဟာ နိုင်ငံတကာဘောလုံး ပြိုင်ပွဲပေါင်း ၁၈ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ဖူးပါတယ်။ မကြာခင်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့  AFF Women's Championship 2016 ပြိုင်ပွဲမှာလည်း  တာဝန်ယူခဲ့ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို မှန်ကန်ရဲရင့်စွာ ချမှတ်ပေးနိုင်ခဲ့သူ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လာမယ့် ၂၀၁၇ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
4 years Ago
Up