ရေမြင်းကြီးတကောင်ကို အမဲဖျက်တိုက်ခိုက်ကြသည့် ခြင်္သေ့အုပ်စု (ရုပ်သံ)

A d v e r t i s e m e n t With Us

November 5, 2016

ရေမြင်းကြီးတကောင်ကို အမဲဖျက်တိုက်ခိုက်ကြသည့် ခြင်္သေ့အုပ်စု (ရုပ်သံ)

ခြင်္သေ့အုပ်စုတစုဟာ ရေမြင်းကြီးတကောင်ကို အုပ်စုဖွဲ့ကာ ဝိုင်းဝန်းပြီးတိုက်ခိုက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို တောင်အာဖရိကနိုင်ငံ၊ ကရူဂါအမျိုးသားဥယျာဉ်တွင်းမှာ ရိုက်ယူနိုင်ခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အသက် ၂၅ နှစ်အရွယ် ဒီးန်ဂရန့်တ်က ဥယျာဉ်တွင်း မိသားစုနဲ့ အလည်ရောက်ရှိချိန်မှာ တွေ့ကြုံခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခြင်္သေ့တွေဟာ ရေမြင်းကြီးကို ဝိုင်းအုံကိုက်ခဲနေကြတာကို တွေ့ရပါတယ်။ သူတို့ တိုက်ခိုက်နေကြတဲ့ နေရာအနီးမှာတော့ ရပ်ထားတဲ့ ကား ၂ စီးရှိနေတာဖြစ်ပြီး ရေမြင်းကြီးဟာ တကျော့ပြန်လှည့်သွားခဲ့ကာ လဲန့်ဒ်ရိုဗာကားဆီ ကိုက်ဆွဲဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ကားက နောက်ကို ဆုတ်လိုက်ချိန်မှာတော့ ရေမြင်းကြီးဟာ တဖက်ကို ပြန်လှည့်လိုက်ကာ လမ်းမရဲ့ ဘေးဆီထွက်သွားခဲ့တာပါ။ သူ့ရဲ့ နောက်ဘက်မှာတော့ ခြင်္သေ့တွေဟာ အတန်းလိုက် တန်းစီပြီး ကိုက်ခဲကာ လိုက်ပါသွားခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရေမြင်းကြီးဟာ ဒီခြင်္သေ့တွေကို ရေထဲကို ခေါ်ဆောင်သွားပြီး အနိုင်ရ နိုင်မလား၊ ဒါမှမဟုတ် ခြင်္သေ့တွေကပဲ အောင်ပွဲခံနိုင်မလား ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဒီးန်ဂရန့်တ်က ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ ရေးခဲ့တာပါ။
4 years Ago
Up