ရေမြင်း

August 13, 2018

ဓာတ်ပုံရိုက်ရန်ကြိုးစားစဉ် ရေမြင်းကိုက်ခံရသည့် တရုတ်ခရီးသည် သေဆုံး

ကင်ညာနိုင်ငံမှာ တရုတ်ကမ္ဘာလှည့်ခရီးသည် တဦးဟာ ရေမြင်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားစဉ် ရေမြင်းက ရင်ဘတ်ကို တိုက်ခိုက်ခဲ့တဲ့အတွက် သြဂုတ် ၁၂ ရက်မှာ သေဆုံးသွားတယ်လို့ ကင်ညာ သားရိုင်းရေးရာဌာန (KWS) က သတင်းထုတ်ပြန်ပါတယ်။ အသက် ၆၆ နှစ်အရွယ် ချန်မင်ချွမ်ဟာ ကင်ညာမြို့တော် နိုင်ရိုဘီရဲ့ အနောက်မြောက်ဘက် ၅၆ မိုင်အကွာက နိုင်ဗာရှာကန်ဘေး သားရိုင်းတိရစ္ဆာန် လေ့လာရေး အပန်းဖြေစခန်းထဲမှာ တိရစ္ဆာန်တွေကို လေ့လာနေခဲ့တာပါ။ သူဟာ တခြားလူတဦးနဲ့အတူ ဓာတ်ပုံရိုက်နေတုန်း ရေမြင်းကိုက်ခံခဲ့ရတာဖြစ်ပြီး တခြား တရုတ်ခရီးသည်တဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီနှစ်အတွင်း ဒီဒေသထဲမှာ ရေမြင်းတွေ တိုက်ခိုက်တာခံခဲ့ရလို့ လူ ၆ ဦး သေဆုံးခဲ့ပြီးပါပြီ။ ပတ်ဝန်းကျင်မှာ ရေမျက်နှာပြင်မြင့်နေလို့ ရေမြင်းတွေဟာ စားကျက်အတွက် အပန်းဖြေစခန်းထဲ လမ်းမှားရောက်လာခဲ့တာလို့ စီအန်အန် သတင်းဌာနက အစီရင်ခံပါတယ်။
3 years Ago

June 22, 2018

လှော်ကားတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ရေမြင်းအကိုက်ခံရ၍ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် မြောက်ပိုင်းရပ်ကွက်ရှိ လှော်ကားဥယျာဉ်မှာ လုံခြုံရေးဝန်ထမ်း၁ဦး ရေမြင်းအကိုက်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၀ ရက် ည ၇ နာရီအချိန်က လှော်ကားဥယျာဉ်အတွင်းရှိ ရေမြင်းကန်မှာ လုံခြုံရးဝန်ထမ်းတဦး ရေမြင်းကိုက်ခံရလို့  သေဆုံးသွားကြောင်း သတင်းအရ ထောက်ကြန့် နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူ အသက် ၄၈ နှစ်အရွယ် ဦးသီဟ ဟာ တရပ်ကွက်တည်းနေ တူဖြစ်သူ ဖြိုးခန့် ကျော်နဲ့အတူ လှော်ကားဥယျာဉ်ရှိ ရေမြင်းကန်အတွင်းဆင်းကာ လိုက်လံစနောက်ရာက ရေမြင်းအကိုက်ခံရလို့  ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တာလို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ခုလို ရေမြင်းကိုက်ခံရလို့ လူသေဆုံးတဲ့ ဖြစ်ရပ်ဟာ ရှားရှားပါးပါးဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ထောက်ကြန့် နယ်မြေရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ်(၉/၂၀၁၈)နဲ့ ရေးဖွင့်စစ်ဆေးနေပါတယ်။
3 years Ago
More News
Up