ရေး-မော်လမြိုင်

October 2, 2017

ရေး-မော်လမြိုင် ကားလမ်းတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-မော်လမြိုင် သွားကားလမ်းမပေါ်မှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက မိုင်တိုင်အမှတ် ၉၁/၃ မှာ လိုက်ထရက် ကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မော်လမြိုင်ကနေ ရေးဘက်ကို ယာဉ်မောင်း မျိုးအောင် မောင်းနှင်လာတဲ့ လိုက်ထရပ် ယာဉ်မှာ ရှေ့ကမောင်းနေတဲ့ ဆိုင်ကယ်ကို ကျော်တက်စဉ် တဖက်ယာဉ်ကျောအတိုင်း အိုမယ် မောင်းနှင်ပြီး နောက်မှာမပွင့်ဖြူအေး လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိပြီး အိုမယ်မှာ နဖူးပေါက်ပြဲ၊ ယာဘက်မျက်လုံး ဝဲနားသွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး မပွင့်ဖြူအေးမှာ ဒဏ်ရာရရှိပြီး (စိုးရိမ်ရ)ကာ ရေးဆေးရုံ ကနေ မော်လမြိုင်ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ရေးမြို့မ ရဲစခန်းက ထွက်ပြေးတိမ်းရှောင်နေတဲ့ လိုက်ထရက်ယာဉ်မောင်း မျိုးအောင်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ က/၃၃၈အရ အမှုဖွင့်အရေးယူထားပြီး အမြန်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဆေးနေပါတယ်။ နေမျိုးထွဋ်(ရေး)
4 years Ago
Up