ရေးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်သွားကြရန် အသိပညာပေး ဆွေးနွေး

June 16, 2017

ရေးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်သွားကြရန် အသိပညာပေး ဆွေးနွေး

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေမှာ သုံးစွဲသူတွေကိုသာ ဖမ်းဆီးရမိနေတဲ့အပြင်  လက်ဝယ်ရောင်းချနေသူတွေကို ပိုမိုဖမ်းဆီးရမိနိုင်ရေးအတွက် အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ကြဖို့ မွန်ပြည်နယ် ရေးမြို့နယ်ရဲမှူး ခင်ညိုက တိုက်တွန်းပြောဆိုခဲ့ပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ဇွန် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်ကလည်း ဒီနေ့ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုကို တားဆီးကာကွယ်သွားကြဖို့နဲ့ ဆေးသုံးစွဲရာကနေ ဖြတ်သူတွေကိုလည်း ကူညီပေးသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မြို့နယ်မူးယစ်တပ်စု ၃၉ မှ တပ်ဖွဲ့စုမှူး ဒု-ရဲမှူး နိုင်အောင်ခိုင်က မူးယစ်ဆေးဝါးဆိုး အမျိုးအစား၊ သုံးစွဲပုံ၊ ဆိုးကျိုးအထွေထွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဆက်စပ်ရောဂါတွေအကြောင်း အသိပညာပေး ဟောပြောခဲ့ပါတယ်။ အသိပညာပေး ဟောပြောပွဲကို မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ကြပြီး ပူးပေါင်းဆောင်ရွက်ရေးအတွက် သိလိုတာတွေကို မေးမြန်းတဲ့အပေါ် တာဝန်ရှိသူတွေက ဖြေကြားခဲ့ကြပါတယ်။ သတင်း - နေမျိုးထွဋ်
4 years Ago
Up