ရေးမြို့

February 9, 2019

ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးတွင် ငါးအများပြား သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ငါးအများပြား သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ငါးတွေ သေဆုံးတာ သိန်းဂဏန်းလောက်ရှိပြီး ရာသီဥတုကြောင့် မဟုတ်ဘဲ အဆိပ်ခတ်မှုကြောင့် သေဆုံးတာလို့ ယူဆကြောင်း မြို့ခံတွေက ပြောပါတယ်။ ငါးကြင်း၊ ငါးဘတ် စတဲ့ငါးတွေ အများပြားသေဆုံးခဲ့ပြီး ဒေသခံတွေက ငါးတွေကို လိုက်ဆယ်ယူနေကြပါတယ်။ ရှေးဟောင်းကျုံးတော်ကြီးမှာ  မွေးမြူထားတဲ့ ငါးတွေကို သာသနာ ၂၅၀၀ စေတီဘုရားဖူးတွေက ကုသိုလ်ပြု ငါးစာ လာကျွေးကြတယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး)
2 years Ago

January 4, 2019

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရေးမြို့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ (ဓာတ်ပုံ)

၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ ကျင်းပခဲ့ပြီး ချန်ပီယံဆုဖလားကို ချောင်းတောင်ကျေးရွာအသင်းက ဆွတ်ခူးရရှိခဲ့ပါတယ်။ လှေလှော်ပြိုင်ပွဲမှာ ပထမဆု ၇ သိန်း၊ ဒုတိယဆု ၅ သိန်းနဲ့ တတိယဆု ၃ သိန်း အသီးသီး ဆုချီးမြှင့်ပေးခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - နေမျိုးထွဋ်  
2 years Ago
More News
Up