ရေးဆင်းအသင်း

A d v e r t i s e m e n t With Us

July 12, 2019

ဇီဒန်း၏သား လူကာဇီဒန်း ရေးဆင်းတွင် အငှားသွားကစားမည်

နာမည်ကြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ ဇီဒန်းရဲ့ သားဖြစ်သူ လူကာဇီဒန်းဟာ မက်ဒရစ်မြို့ကိုစွန့်ခွာပြီး ရေးဆင်းအသင်းမှာ တရာသီအငှားနဲ့ သွားကစားတော့မယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် လူကာဇီဒန်းဟာ ဖခင်ဖြစ်သူ ဇီဒန်းရဲ့ ဒုတိယမြောက်သားဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ဂိုးသမားလည်း ဖြစ်ပါတယ်။ လူကာဟာ ရီးရဲလ်မက်ဒရစ် ကတ်စတီလာအသင်းနဲ့အတူ ၄၉ ပွဲ ကစားထားပြီး အသင်းကြီးအတွက် ပြီးခဲ့တဲ့ရာသီမှာ တပွဲကစားပေးထားပါတယ်။ သူ့အနေနဲ့ ရင့်ကျက်ပြီး တိုးတက်လာဖို့အတွက် မက်ဒရစ်မြို့ကို စွန့်ခွာခဲ့ကြောင်း၊ နေရာသစ် အသင်းသစ်မှာ အတွေ့အကြုံကောင်းတွေ ရှာဖွေလိုပြီး ရေးဆင်းအသင်းဟာလည်း သင့်တော်မယ့် နေရာတခု ဖြစ်တယ်လို့ လူကာက ပြောပါတယ်။ ဖခင်ဖြစ်သူ ဇီဒန်းကတော့ လာမယ့်ရာသီအတွက် ပထမဂိုးသမားနေရာမှာ ကော့တွိုက်စ်ကို ရည်ရွယ်ထားပြီး ဒုတိယဂိုးသမား နေရာကိုတော့ အသင်းမှာဆက်ရှိဖို့ မသေချာတဲ့ နာဗက်စ်၊ တတိယဂိုးသမား နေရာမှာတော့ လူငယ်ဂိုးသမားလေး အန်ဒရီလူနင်ကို တာဝန်ပေးဖို့ ရည်ရွယ်နေပါတယ်။ လာလီဂါကလပ်အဖြစ် ကစားခဲ့ဖူးတဲ့ ရေးဆင်းအသင်းကတော့ စပိန် ဒုတိယတန်းကလပ် ဆီဂန်ဒါကို တန်းပြန်တက်လာခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။
2 years Ago
Up