ရေနွေးပူလောင်ဒဏ်ရာများရထားသည့် ပန်းတနော်ကပရိတ်သတ်ကို မင်းသား ဇေရဲထက် တွေ့ဆုံ

February 5, 2019

ရေနွေးပူလောင်ဒဏ်ရာများရထားသည့် ပန်းတနော်ကပရိတ်သတ်ကို မင်းသား ဇေရဲထက် တွေ့ဆုံ (ရုပ်သံ)

နာမည်ကြီးရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်ဇေရဲထက်ဟာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်ရှိ ကျေးရွာလေးတရွာက ရေနွေးပူလောင်ဝေဒနာတွေခံစားနေရတဲ့ သူရဲ့ပရိတ်သတ်တဦးကို ဒီကနေ့ မနက် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ စိတ်ကျန်းမာရေးဝေဒနာရှင် မစိုးစန္ဒာထွန်းဟာ ရေနွေးအိုးကို သူ့ရဲ့ခန္ခာကိုယ်ပေါ် ကိုယ်တိုင်လောင်းချခဲ့တာကြောင့် လည်ပင်းနဲ့ ရင်သား အစိတ်ပိုင်းတွေ ပျက်စီးသွားသူ ဖြစ်ပြီး သီချင်းဆိုတာ ၀ါသနာပါသူ ဖြစ်သလို သရုပ်ဆောင် ဇေရဲထက်ကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တဦးလည်းဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ လည်ပင်းကို ခွဲစိပ်ပြုပြင်ချင်သလို  သရုပ်ဆောင်ဇေရဲထက်နဲ့တွေ့ဆုံချင်တဲ့ ဆန္ဒပြင်းပြနေတဲ့အကြောင်း အလှဖန်တီးရှင်တိုးတိုးဦးနဲ့ မိတ်ကပ်ပညာရှင် မရွှေဇင်တို့က ရုပ်သံ ရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာက  ဖေ့စ်ဘွတ်ခ်မှာ လူသိများလာတောဖြစ်ပါတယ်။ ဒီကနေ့မနက်မှာတော့ မင်းသားဇေရဲထက်ကိုယ်တိုင် ပန်းတနော်မြို့နယ်ကို သွားရောက်ပြီး မစိုးစန္ဒာထွန်းကို တွေ့ဆုံအားပေးကာ အလှူငွေတွေနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးအပ် ခဲ့ပါတယ်။ ရုပ်သံ -Credit-  Desinger Shwe Sin
2 years Ago
Up