စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ချင်းတွင်းမြစ်အတွင်း တရားမ၀င် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေရဲ့ စွန့်ပစ်ကျောက်ခဲပုံတွေကြောင့် ရေကြောင်းခရီးသွားဒေသခံတွေ အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။
ခန္တီးမြို့နယ်အတွင်း တရားမဝင် ရွှေမျောလုပ်ကိုင်နေတဲ့ ရွှေဖောင် ၃ စီးရှိပြီး ၂ စီးဟာ ချင်းတွင်းမြစ်အထက် ဗဒူးမုန်းကျေးရွာအနီးရှိ နတ်မှော်ချောင်းအတွင်း ငှက်ပျောတောမှာ လုပ်ကိုင်နေပြီး ကျန် ၁ စီးကတော့ ချင်းတွင်းမြစ်အထက်ပိုင်း ချောင်းခွဲတခုဖြစ်တဲ့ ဟတ်ဆားချောင်းဝမှာ လုပ်ကိုင်နေကြတာပါ။
ချင်းတွင်းမြစ် အထက်ပိုင်းမှာ ပေါ်ပေါ်တင်တင် ရွှေဖောင်လုပ်ကိုင်နေကြပြီး စွန့်ပစ်ကျောက်ခဲပုံတွေကြောင့် ရေကြောင်း ကျဉ်းမြောင်းသွားသလို ကျောက်ခဲ့ပုံနေရာမှာ ရေစီး အလွန်သန်တာတဲ့အတွက် ရေကြောင်းသွား စက်လှေတွေ ဘေးအန္တရာယ်တခုခုဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဒေသခံခရီးသွားတွေက ပြောပါတယ်။
မြန်မာနိုင်ငံက အဓိကမြစ်ကြီးလေးသွယ်ဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်ထဲမှာ ရွှေရှာဖွေလုပ်ကိုင်ခွင့်ကို အစိုးရက တရားဝင် တားမြစ်ပိတ်ပင်ထားပါတယ်။
6 years Ago