ရေမြောင်းထဲကျသွားသည့် ဆင်ကလေးကို ဆင်ကြီးက ဘယ်လိုကယ်တင်သလဲ

November 27, 2017

ရေမြောင်းထဲကျသွားသည့် ဆင်ကလေးကို ဆင်ကြီးက ဘယ်လိုကယ်တင်သလဲ (ရုပ်သံ)

တိရစ္ဆာန်ဆိုတာ လူတွေထက် ဉာဏ်ရည်နိမ့်တယ်လို့ ဆိုကြပေမယ့်လည်း သနားကြင်နာတာ၊ ဒုက္ခရောက်သူကို ကယ်တင်တတ်တဲ့ နေရာမှာတော့ လူတွေထက် မလျော့ဘူးဆိုတာကို ထိုင်းနိုင်ငံရှိ ဆင်တကောင်က သက်သေပြလိုက်ပါတယ်။ ယူကျုပေါ် Jareansak Kaewlamhat ဆိုတဲ့ အကောင့်ပိုင်ရှင် တင်ထားတဲ့ ဗွီဒီယိုတခုထဲမှာ ဆင်ပေါက်ကလေးတကောင်ဟာ လမ်းဘေးရေမြောင်းထဲ ပြုတ်ကျသွားပြီး ကုန်းပေါ်ပြန်တက်နိုင်ဖို့ အတန်တန် ကြိုးစားနေပါတယ်။ သူဟာ မစင်ပါ ထွက်ကျတဲ့အထိ ကုန်းပေါ်ကို ကုပ်ကပ်တက်ခဲ့ပေမယ့် ချော်နေတဲ့ ရွှံ့စေးမြေတွေကြောင့် တက်လိုက်တိုင်း ပြန်ပြုတ်ကျသွားတာပါ။ ဆင်ပေါက်ကလေး အဲဒီလို ဒုက္ခရောက်နေတာကို ဘယ်သူမှ လာကယ်တာ မတွေ့ဘဲ အဲဒါကို တွေ့သူကလည်း အော်ဟစ် အကူအညီတောင်းပေးတာ မရှိဘဲ ဗွီဒီယိုသာ ဆက်ရိုက်နေပါတယ်။ ခနအကြာမှာတော့ ဆင်ကြီးတကောင် အနားရောက်လာပြီး ဆင်ပေါက်ကလေးကို ကုန်းပေါ်ရောက်အောင် ကူညီကယ်တင်ပေးလိုက်ပါတယ်။ မြောင်းထဲကျသွားတဲ့ ဆင်ပေါက်ကလေးကို ဆင်ကြီးက ဘယ်လိုကယ်တင်ခဲ့သလဲဆိုတာ ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
4 years Ago
Up