ရေအောက်ကမ္ဘာကို လေ့လာစူးစမ်းဖို့နဲ့ ရုပ်သံရိုက်ကူးနိုင်ဖို့အတွက် ငါးတကောင်ရဲ့ ပုံသဏ္ဌာန်ရှိပြီး ကင်မရာတပ်ဆင်ထားတဲ့ ရေအောက်သွား ဒရုန်းတစီးကို နည်းပညာ ကုမ္ပဏီတခုက ဖန်တီးပြုလုပ်ခဲ့ပါတယ်။
BIKI လို့ခေါ်တဲ့ အဲဒီဒရုန်းဟာ 4k resolution အရည်အသွေးနဲ့ ရုပ်မြင်ရိုက်ကူးနိုင်တဲ့အပြင် အတားအဆီးတွေကို ရှောင်ရှားကာ အလိုလျောက် ဟန်ချက်ထိန်းနိုင်ပြီး အသုံးပြုသူဆီ ပြန်လာဖို့ လမ်းကြောင်းကိုလည်း GPS အသုံးပြု ရှာဖွေနိုင်တယ်လို့ RoboSea ကုမ္ပဏီက ဒီပရောဂျက်အတွက် အစုစပ် ရှယ်ယာငွေ လက်ခံတဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီစာမျက်နှာက ဒေါ်လာနှစ်သောင်းရရှိဖို့ မျှော်မှန်းထားပေမယ့် မေလ ၃၁ ရက်နေ့အထိ ဒေါ်လာ ၁၁၆၀၀၀ ကျော် ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပရောဂျက်ကို စတင်ခဲ့ပြီး မော်ဒယ်အမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ အခု မော်ဒယ်မှာတော့ ထောင့်ကျယ်မှန်ဘီလူးတွေ တပ်ဆင်ထားပြီး ရေအောက်မီတာ ၆၀ အောက်အထိ အသုံးပြုနိုင်ပါတယ်။
6 years Ago