ရေအောက်ကမ္ဘာထဲမှာ ဇီဝမျိုးစုံမျိုးကွဲတွေ အများအပြားနေထိုင်ကြပြီး သူတို့တွေရဲ့ အသက်ရှင်နေထိုင်မှုနဲ့ သဘာဝဖြစ်စဉ်တွေဟာ ထူးဆန်းပြီး ဒါတွေကို တွေ့မြင်နိုင်ဖို့လည်း ခက်ခဲပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမေရိကန်နိုင်ငံမှ ရေအောက်ကမ္ဘာဥယျာဉ်ထဲမှာ ဝေလငါးတကောင်ရဲ့ ကလေးမွေးဖွားမှုကို ရုပ်သံဗွီဒီယိုဖိုင်မှတဆင့် ဖမ်းယူရရှိခဲ့တာကို အံ့သြဖွယ် တွေ့မြင်ရမှာပါ။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး မိခင်ဝေလငါးမကြီးရော အကောင်ပေါက်ကလေးပါ ကျန်းကျန်းမာမာနဲ့ ရှိနေကြတယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်ဆရာဝန်တွေကတော့ မွေးဖွားခဲ့တဲ့ ဝေလငါးပေါက်ကလေးကို အထီးလား၊ အမလား ဆိုတာ မပြောနိုင်သေးဘူးလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
Sea World Entertainment Inc ဟာ ဒီဝေလငါးမျိုးစိတ်တွေကို ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ၁၉၆၀ ပြည့်နှစ်တွေတည်းက လုပ်ခဲ့ပြီး ဝေဖန်ခံခဲ့ရတာပါ။
အခု ကလေးမွေးဖွားခဲ့တဲ့ ဝေလငါးမကြီး တာကာရာဟာ ၁၈ လ ကိုယ်ဝန်ဆောင် ထားခဲ့ရတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူ့အတွက်တော့ ဒါဟာ ၅ ကြိမ်မြောက် မွေးဖွားမှုဖြစ်ပါတယ်။
ဥယျာဉ်တွင်း လာရောက်လည်ပတ်ကြသူတွေကတော့ ဒီဖြစ်စဉ်ကို အံ့အားတသင့်နဲ့ ကြည့်ရှုအားပေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago