ရေအောက်

October 15, 2018

ရေအောက် ပေ ၃၀ အနက်တွင် ရွှေဖရုံသီးများ ပုံဖော်ရသည့်ပြိုင်ပွဲ ကျင်းပ

ဟောလိုးဝင်းအစဉ်အလာအရ နှစ်စဉ်ကျင်းပတဲ့ ရေအောက် ရွှေဖရုံသီး ပုံဖော်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့က ဖလော်ရီဒါမှာ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ ရေငုပ်ဝတ်စုံတွေဝတ်ပြီး ရေအောက် ပေ ၃၀ အနက်မှာ ရွှေဖရုံသီးတွေကို ပုံဖော်ယှဉ်ပြိုင်ရတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲခေါင်းစဉ်က ရေအောက်သက်ရှိတွေဖြစ်ပြီး ပြိုင်ပွဲဝင်တွေဟာ ရွှေဖရုံသီးပေါ်မှာ ငါးမန်းပုံ၊ ပင်လယ်လိပ်ပုံနဲ့ ငါးအုပ်ပုံတွေကို ပုံဖော်ကြပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရသူတွေကတော့ ရွှေဖရုံသီးမှာ လင်းပိုင်ပုံဖော်တဲ့ စဘက်တီယန်နဲ့ ဂေဘရီယယ်ဟီမန်နိုတို့ ညီအစ်ကိုနှစ်ဦးပဲ ဖြစ်ပါတယ်။ အဲဒီ ရေအောက် ရွှေဖရုံသီး ပုံဖော်ပြိုင်ပွဲကို ကီးလာဂိုကျွန်းကနေ ၅ မိုင်အကွာ သန္တာကျောက်တန်းအနီးမှာ ကျင်းပခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up