ရေဘေးအလှူ

August 19, 2015

ရေဘေးရန်ပုံငွေ ချစ်ကြည်ရေးဘောလုံးပွဲ မြန်မာနှင့် နယူးဇီလန် ကစားမည်

စက်တင်ဘာ ၇ ရက်မှာ မြန်မာနဲ့ နယူးဇီလန် ဘောလုံးအသင်းတို့ဟာ ရေဘေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ပုံငွေပွဲ ကစားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ခြေစမ်းပွဲကနေ ရရှိလာတဲ့ ကွင်းဝင်ကြေးတွေနဲ့ အလှူငွေတွေကို ရေဘေးဒဏ်ခံ မိသားစုတွေကို ထောက်ပံ့ လှူဒါန်းသွားမယ်လို့ သြဂုတ် ၁၇ ရက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ခြေစမ်းပွဲ မကစားမီ မြန်မာ့လက်ရွေးစင်ဟောင်းတွေ၊ ရုပ်ရှင်ဂီတ အနုပညာရှင်တွေ၊ နယ်ပယ်အသီးသီးမှ ထင်ရှားသူတွေက တခြား အနုပညာ တင်ဆက်မှုတွေနဲ့အတူ ပရိသတ်တွေကိုလည်း ဖျော်ဖြေသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ သြဂုတ်လကုန်မှာ နယူးဇီလန်အသင်း ရန်ကုန်ကို ရောက်ရှိလာမှာဖြစ်ပြီး မြန်မာအသင်းနဲ့ အတူလေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းကို ယူ ၂၀၊ ယူ ၂၃ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
6 years Ago

August 14, 2015

ရေဘေးသင့်ပြည်သူများအတွက် မသန်စွမ်းအဖွဲ့ အလှူငွေကောက်ခံ (ဓာတ်ပုံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ MorningStars ID Tgi အဖွဲ့မှာ ဉာဏ်ရည်မသန်စွမ်းကလေးများနဲ့ မိဘများက မြန်မာနိုင်ငံတ၀ှမ်း ရေဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေများကို ထည့်ဝင် ကောက်ခံကြပါတယ်။ ဓာတ်ပုံ - သန်းနွယ်အောင်  
6 years Ago
More News
Up