ရေဘေးသင့်ပြည်သူများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၃ သန်းကူညီမည်

July 29, 2018

ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၁ သောင်း လှူဒါန်း

ရေကြီးရေလျှံဖြစ်နေတဲ့ ဒေသတွေအတွက် ကျပ်သိန်းပေါင်း ၁ သောင်းလှူဒါန်းမယ်လို့ ကမ္ဘောဇဘဏ်နဲ့ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲက ရေဘေးသင့်သူတွေကို ကူညီမှာ ဖြစ်ပြီး ဒီနေ့မှာတော့ ကရင်ပြည်နယ်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ နေရာအသီးသီးမှာ အချိန်နဲ့ တပြေးညီ အသုံးပြုနိုင်အောင် ငွေကျပ် သိန်း ၅၀၀ ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာအခွန်နဲ့ စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ပေးအပ်ခဲ့တာပါ။ ဦးသန်းနိုင်က “နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပဂ္ဂိုလ်ကလည်း ရေကျလို့ အိမ်ပြန်ချိန်မှာ နောက်ထပ် နှစ်ရက်၊ သုံးရက်စာ အစားအသောက်တွေ ထည့်ပေးဖို့ လမ်းညွှန်ခဲ့တာကြောင့် အခုအလှူငွေနဲ့ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ငွေကျပ်သိန်းပေါင်း ၁ သောင်းကို ရေကြီးရေလျှံဖြစ်နေတဲ့ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းက ရေဘေးသင့်သူတွေကို ဆက်ပြီးကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ဇူလိုင် ၂၈ ရက်နေ့အထိ ရေဘေးသင့်စခန်း ၁၆၃ ခု အိမ်ထောင်စုပေါင်း ၁၁၆၅၁ စုနဲ့ လူပေါင်း ၅၄၂၉၇ ဦးတို့ ရေဘေးဒုက္ခခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
3 years Ago

September 3, 2017

ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ မန္တလေးတိုင်းဒေသကြီးအစိုးရ ထောက်ပံ့

  မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝဦးတည်ကျေးရွာ၊ ရွှေဟသာင်္ဓမ္မာရုံမှာ ရေဘေးသင့်အိမ်ထောင်စု တထောင်ကျော်ကို  မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင် ဦးဆောင်ပြီး ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နဲ့ ရေသန့်ဘူးတွေကို ထောက်ပံ့ ပေးခဲ့ကြပါတယ်။ လုံခြုံရေးရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဒေါက်တာစိုးသန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်းကြီး ဦးမျိုးသစ်နဲ့ သစ်တောနဲ့ကျေးလက်ကျန်းမာရေး ဌာနကတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခုလို ရေဘေးသင့်ခဲ့ကြတာဟာ ပြီးခဲ့တဲ့သြဂုတ်လ ၁၉ ရက်နေ့က မိုးသည်းထန်ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေတက်ခဲ့တဲ့အတွက် အင်းဝရွာ ဥတည်ကျေးရွာ၊ မြေငူကျေးရွာ၊ ဟံသာဝတီကျေးရွာ၊ မီးသွေးဘုတ် စတဲ့ ရွာကြီး ၉ ရွာ လောက် ရေဘေးသင့်ခဲ့ရပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်
4 years Ago
Up