ရေဘေးသင့်သူများအတွက် မြင်းခြံကျောင်းသားများသမဂ္ဂ အလှူငွေကောက်ခံ

July 29, 2018

ရေဘေးသင့်သူများအတွက် မြင်းခြံကျောင်းသားများသမဂ္ဂ အလှူငွေကောက်ခံ

ရေ​ဘေးသင့် ပြည်​သူ​တွေအတွက် မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့ နည်းပညာ​ကောလိပ်​​ကျောင်းသားများသမဂ္ဂအဖွဲ့ အလှူငွေ ကောက်ခံနေပါတယ်။ ​ကျောင်းသား/သူ ၁၅ ​ယောက်​ပါဝင်​တဲ့ အဖွဲ့ဟာ ပဲခူးတိုင်း​ဒေသကြီးနဲ့ ကရင်​ပြည်​နယ်​​တွေမှာ ​ရေ​ဘေးသင့်ဒဏ်​ခံစား​နေရတဲ့ ပြည်​သူ​တွေအတွက် ကူညီမှု​တွေ​ပေးသွားနိုင်ဖို့​ ရည်​ရွယ်​ပြီး ဇူလိုင်​ ၂၈ ရက်​မှ စတင်ကာ မြင်းခြံမြို့တွင်း လှည့်လည်​ကာ ​တေးသီးချင်းတွေ သီဆိုတီးခတ်​ပြီး အလှူ​ငွေ​တွေ လိုက်​လံ ကောက်​ခံ​နေပါတယ်​။ မြင်းခြံ နည်းပညာ​ကောလိပ်​ ​ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုရဲမင်းနိုင်​က "ခုဆိုရင်​ ကရင်​ပြည်​နယ်​​ နဲ့ ပဲခူးတိုင်းမှာ ​ရေ​တွေ နှစ်​မြုပ်နေတယ်​။ ​ရေနှစ်​မြုပ်ေ​နေတဲ့ ရွာ​တွေကို သွားပြီး ကျ​နော်​တို့ အလှူခံလို့ရတဲ့​ ငွေနဲ့ ပစ္စည်း​တွေကို သွား​ရောက်​ပြီး လှူဒါန်းသွားမှာပါ။ ကျ​နော်​တို့ ၃ ရက်​ အလှူခံသွားဖို့ရှိပါတယ်​၊ ကျ​နော်​တို့ သမဂ္ဂအ​နေနဲ့ အလှူခံထွက်​တာဟာ ပထမဆုံးအကြိမ်​ပါ။ ​ရေ​ဘေးဒဏ်​ခံစား​နေရတဲ့ ပြည်​သူ​တွေအတွက်​ တက်​နိုင်​တဲ့ဘက်​က ပါဝင်​ကူညီတာပါ၊ ပြီး​တော့ ပဲခူး ကျောင်းသားသမဂ္ဂနဲ့ ချိတ်​ဆက်​ပြီး သွား​ရောက်​လှူဒါန်းသွားမှာ ဖြစ်​တယ်​လို့ ဒီဗွီဘီကို ​ပြောပါတယ်။ "ခုရေ​ဘေးသင့်​နေတဲ့ ပြည်​သူ​တွေကို အစိုးရအ​နေနဲ့ ကူညီ​ထောက်​ပံ့မှု​တွေ ဒီထက်​ပို​ပြီးပေး​စေချင်​ပါတယ်​။ လက်​ရှိမှာ​တော့ အစိုးရအ​နေနဲ့ သိပ်ပြီး ထိ​ရောက်​​အောင်​ ကူညီမှု​တွေ မပြုလုပ်​နိုင်​​သေးဘူးလို့ပဲ မြင်​ပါတယ်​လို့. နည်းပညာ​ကောလိပ်​​ကျောင်းသား ကိုချမ်းငြိမ်းက ပြောပါတယ်​။ မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ဇူလိုင် ၂၈ ရက်နေ့အထိ ရေဘေးသင့်စခန်း ၁၆၃ ခု အိမ်ထောင်စုပေါင်း ၁၁၆၅၁ စုနဲ့ လူပေါင်း ၅၄၂၉၇ ဦးတို့ ရေဘေးဒုက္ခခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ သတင်း - ရီရီထွန်း (မြင်းခြံ)
3 years Ago
Up