ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်း၊ ပြန်လည်ထူထောင်ရေးအကူ လိုအပ်နေ

A d v e r t i s e m e n t With Us

August 26, 2018

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူပေါင်း ၂ သောင်းခန့် ဆက်လက်ခိုလှုံနေရ

ရေကြီးရေလျှံလို့ ကယ်ဆယ်ရေးစခန်းတွေမှာ မနေ့ကအထိ လူပေါင်း ၂ သောင်းလောက် ဆက်လက်ခိုလှုံနေရတုန်းဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ကရင်နဲ့ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၅၂ ခု ဖွင့်ထားပြီး လူပေါင်း ၁၈၄၂၂ ယောက် ခိုလှုံနေရတာလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ နိုင်ငံတဝန်းမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တိုင်းနဲ့ ပြည်နယ် အများစုမှာ ရေဘေးကယ်ဆယ်ရေး စခန်း ၄ဝဝ လောက် ဖွင့်ခဲ့ရပြီး အခုတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ကယားနဲ့ ရှမ်းပြည်နယ်တို့မှာတော့ စခန်းတွေ အားလုံးကို ပိတ်သိမ်းခဲ့ပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကရင်ပြည်နယ်မှာ ရေကြီးရေလျှံတာ အများကြီး ဖြစ်နေသေးတာကြောင့် စခန်း ၁၈ ဖွင့်ထားရပြီး လူပေါင်း ၁၃ဝဝဝလောက် ပြောင်းရွှေ့နေထိုင်နေရတာပါ။ နိုင်ငံတဝန်းက ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၁ သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး အိမ်ခြေ ၃ဝဝလောက် ပျက်စီးခဲ့သလို လူပေါင်း ၂၃ ယောက် သေဆုံးခဲ့ပါတယ်။
3 years Ago

August 6, 2018

ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲမှာ ရေးဘေးသင့်ပြည်သူတွေအတွက် ဖွင့်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ အားလုံး မနေ့က  ပြန်လည် ပိတ်သိမ်းလိုက်ပြီလို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ ရေပြန်လည်ကျဆင်းသွားတဲ့ သြဂုတ် ၁ ရက်နေ့ကစပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေကို  တဖြည်းဖြည်းပြန် ပိတ်သိမ်းခဲ့ရာမှာ မနေ့ညနေမှာတော့ ကယ်ဆယ်ရေးစခန်း ၅၁ ခုလုံး ပိတ်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။ ပဲခူးတိုင်းထဲမှာတော့ မနေ့ညနေအထိ လူပေါင်း ၁၅၀၀၀ ကျော်ဟာ စခန်း ၄၂ ခုမှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ ကဝမြို့နယ်မှာတော့  ကယ်ဆယ်ရေးစခန်း ၁ ခု၊ ဒိုက်ဦးမြို့နယ်မှာ ၄ ခု၊ ရွှေကျင်မြို့နယ်မှာ ၂၇ ခု၊ ကျောက်ကြီးမြို့နယ်မှာ ၉ ခု၊ ရွှေတောင်မြို့နယ်မှာ ၁ ခု၊ စုစုပေါင်း ၄၂ ခု ဖြစ်ပါတယ်။ အခုနှစ် ဇူလိုင်နဲ့ သြဂုတ်လအတွင်း ရေကြီးမှုတွေကြောင့် နိုင်ငံတ၀န်း ကယ်ဆယ်ရေးစခန်းပေါင်း ၃၃၈ ခုဖွင့်လှစ်ခဲ့ရာမှာ စခန်းပေါင်း ၁၈၅ ခု ပိတ်သိမ်းပြီးဖြစ်တယ်လို့ လူကယ်ပြန်ဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ဓာတ်ပုံ- ပဲခူးတိုင်းအစိုးရ
3 years Ago
Up