ရေဘေးကယ်ဆယ်ရေးစခန်း

A d v e r t i s e m e n t With Us

August 31, 2018

ရေတာရှည်နှင့် တောင်ငူ ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ပိတ်သိမ်း၊ ပြည်သူအချို့ နေရပ်ပြန်

ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ သြဂုတ် ၂၉ ရက် မနက်ပိုင်းက ပြိုခဲ့တာကြောင့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်နဲ့ တောင်ငူမြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၄၀ ကျော်ထဲက စခန်း ၂၀ ပိတ်သိမ်းလိုက်ပြီး ရေဘေးသင့်ပြည်သူ အတော်များများ နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုမှာ ရေဘေးသင့်ပြည်သူ ၁၄၀၀၀ ကျော် ခိုလှုံနေရာကနေ စခန်း ၂၀ ပိတ်သိမ်းလိုက်ပြီး အခုလက်ရှိမှာ လူဦးရေ ၅၀၀၀ လောက်သာ ကျန်ရှိတော့လို့ ရတာရှည်မြို့နယ် ရေဘေးကူညီကယ်ဆယ်ရေးကွပ်ကဲမှုရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဆွာမြို့နဲ့ ရေတာရှည်မြို့အကြား ကားလမ်း ရေကျော်မှုကြောင့် လမ်းနဲ့ တံတားအချို့ ပျက်စီးခဲ့တာကြောင့် တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေက အမြန်ဆုံးပြင်ဆင်နေပြီး လက်ရှိမှာ အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေကို သွားလာခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ "အခု ရေဘေးသင့် ပြည်သူအချို့ကတော့ နေရပ်ကို ပြန်နေကြပြီ။ လမ်းပျက်တာကလည်း အမြန်ပြင်နေပါတယ်။ ကာလမ်းကိုလည်း အမြန်ဆုံး ပြုပြင်နေတယ်။ အခုတော့ ကားငယ်လေးတွေနဲ့ ဆိုင်ကယ်တွေတော့ သွားလို့ရနေပြီ။ ဝိတ်ပါတဲ့ ကားကြီးတွေကတော့ မရသေးဘူး။ အလှူရှင်တွေကိုလည်း ကိုယ်တိုင် သွားလှူလို့ရအောင်လည်း စီစဉ်ပေးထားတယ်" လို့ ရေတာရှည် ရေဘေးကယ်ဆယ်ရေးကွတ်ကဲမှုရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုအချိန်မှာ စားရေးနဲ့ နေရေး အဆင်ပြေနေပေမယ့် ပျက်စီးသွားတဲ့ လယ်မြေတွေ ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲတွေ ရှိနေသလို နီးစပ်ရာ တောင်ကုန်းတွေပေါ်မှာ ရေဘေးရှောင်နေသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ "ကျွန်းတောစု၊ ဥယျာဉ်မှူး၊ ကြို့ပင်ထိုက်ရွာတွေ အခြေအနေ ဆိုးတယ်။ နီးစပ်ရာတောင်ကုန်းတွေပေါ်မှာ ခိုလှုံနေရတယ်။ နီးစပ်ပရဟိတအဖွဲ့တွေနဲ့ ရွာတွေက ထမင်းထုပ်တွေ ပို့ပေးနေတယ်။ နေ့ဘက်မှာ ပြန်ဆင်းပြီး ညဘက် ရာသီဥတုဆိုးရင် ပြန်တက်လာတယ်။ လောလောဆယ် စားဝတ်နေရေး လာလှူတဲ့သူတွေကြောင့် အခက်အခဲမရှိပေမယ့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ ပြန်စိုက်ပျိုးဖို့ အခက်အခဲရှိတယ်" လို့ မှန်ပြတောင်မှာ လာရောက်ရေဘေးရှောင်နေသူ သိုင်းဝရွာမှ ဒေသခံတဦးက ပြောပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
3 years Ago

July 23, 2018

ကရင်ပြည်နယ်အနှံ့ ရေကြီး၊ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်

ကရင်ပြည်နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံ၊ ကော့ကရိတ်၊  မြဝတီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ရွှေဂွန်း၊ ကမမောင်း စတဲ့မြို့တွေမှာ ရေကြီးရေလျှံနေပြီး ရေဘေးသင့် ပြည်သူတွေ ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့ခိုလှုံနေကြရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေဆင်းတာနဲ့ သံလွင်မြစ်ရေတက်မှုကြောင့် ပြည်နယ်မြို့တော် ဘားအံမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ထားပြီး စခန်းတခုကို လူပေါင်း ၁ဝဝဝ လောက် ခိုလှုံနေတယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ ကျနော်တို့က မြို့ပေါ်မှာတော့ ရေဘေးရှောင်စခန်း ၇ ခု ဖွင့်ထားတယ်။ စာရင်းကတော့ ကျနော် အတိအကျ မသိသေးဘူး။ ” မနေ့တုန်းက ရေတက်လို့ ဘားအံ့မြို့ အမှတ် ၁ ရပ်ကွက်မှာ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ရေဘေးကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေတဲ့ ဦးလှကြိုင်က ပြောပါတယ်။ “ဒီမနက် အလောင်းပေါ်လာမှသိတာ။ အသက်က ၃ဝ ဝန်းလောက်ရှိမယ်။  သူ့မိသားစုဝင်တွေ ဒီမနက်မှ သိတာ။ မနက် ၅ နာရီလောက်မှသိတာ။ မီးသတ်အနောက်ဘက်မှာ။  ” ဘားအံမြို့မှာ ရေကြီးမှုကြောင့် နေအိမ် ၂ဝဝ ကျော် နစ်မြုပ်မှုတွေ ဖြစ်ပွားနေသလို မနေ့တုန်းကလည်း ရွေဂွန်းနဲ့ မြိုင်ကြီးငူအကြား ကားလမ်း ရေကျော်မှုကြောင့် ဆက်သွယ်ရေး ခေတ္တပြတ်တောက်ခဲ့ရပါတယ်။ လှိုင်းဘွဲ့မြို့နယ်ဘက်မှာလည်း ပြီးခဲ့တပတ်ကလောက်ကတည်းက တောင်ကျရေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး နေအိမ် တထောင်ဝန်းကျင်လောက် ရေနစ်မြုပ်နေပါတယ်။ ရေကြီးမှုကြောင့် လှိုင်းဘွဲ့မြို့မှာ ရပ်ကွက် ၄ ခုလုံးရေကြီးပြီး  ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လင့်ထားရာ လူပေါင်း ၁၂၇၈ဦး ခိုလှုံနေကြတယ်လို့ ဒီကနေ့ အဲဒီကို သတင်းသွားယူနေတဲ့ ဒေသခံသတင်းထောက် ကိုရဲမင်းခေါင်က ပြောပါတယ်။ “ရေဘေးရှောင်တွေက မပြန်သေးဘူး။ ပြန်လို့လည်းမရသေးဘူး။  လက်ရှိအခြေနေမှာ ရေကသာ နည်းနည်းလေး တောင်ကျရေနည်းနည်းလျော့သွားပေမယ့် အိမ်တွေမြုပ်နေသေး တယ်လေ။ ” ရေကြီးမှုကြောင့်လည်း အပျက်အစီးတွေများသလို မနေ့ကလည်း သစ်တောဝန်ထမ်းတဦး ရေကြီးချိန် ဖြတ်သန်းတဲ့အတွက် ဆိုင်ကယ်ရောလူပါ မျောပါ ပျောက်ဆုံးသွားတယ်လို့လည်း ပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနား အနိမ့်ပိုင်းမှာနေတဲ့ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်တွေက လူနေအိမ် ၁ဝဝ ကျော်လောက်ရေ နစ်မြုပ်နေပြီး လူဦးရေ ၇၀၀၀ လောက်ကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ရွှေ့ပြောင်းထားခဲ့ ရပါတယ်။ ဒီကနေ့မနက်မှာတော့ မြဝတီမြို့က သောင်းရင်းမြစ်ရေ ပြန်လည်ကျဆင်းသွားပါတယ်။ Photo : Zaw Win
3 years Ago
More News
Up