ရေပေါ်ဆေးခန်း

May 11, 2019

ဧရာဝတီမြစ်ကြောင်းတလျှောက် အခမဲ့လိုက်လံကုသပေးနေသည့် ရေပေါ်ဆေးခန်း

၂၀၀၈ ခုနှစ်က နာဂစ်ဖြစ်ပြီး နောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်က ကျေးရွာလေးတွေမှာ ရေပေါ်ဆေးခန်းလေးနဲ့ လိုက်လံပြီး အခမဲ့ဆေးကုသပေးနေပါတယ်။ ဧရာဝတီမြစ်ကြောင်းတလျှောက်က ဘိုကလေးမြို့နယ် ဖျာပုံနဲ့ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းက ဆေးရုံ ဆေးခန်းရှားပါးတဲ့ ကျေးလက်ဒေသတွေမှာ အခမဲ့လိုက်လံဆေးကုသမှုပေးနေတဲ့ Irrawaddy River Doctors Mobile Clinicl Boat ဟာ လုပ်ငန်းဆောင်ရွက်လာတာ ဆယ်နှစ်နီးပါးထိ ရှိလာကြပီဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်ကမှ တရားဝင်လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ “အခုလို ဆေးကုသမှုပေးဖို့လုပ်ဆောင်တဲ့အခါမှာ အခက်အခဲတွေတော့အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ အခြေခံဥပဒေမှာလည်း Mobile Clinic Permission က ခွင့်ပြုပေးဖို့အတွက် မူဝါဒမရှိဘူးလေ။ ဒါပေမယ့် အရေးပေါ်အခြေအနေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဌာနဆိုင်ရာတွေမှာ အကူအညီတောင်းပြီး တဆင့်ပြီးတဆင့်ဆောင်ရွက်ခဲ့၇တာ ၂၀၁၇ ခုနှစ်မှာမှ လိုင်စင်ရခဲ့တာပါ။ လတ်တလောမှာတော့ ကျန်းမာရေး အထောက်အပံ့ လိုအပ်တဲ့ ကျေးရွာတွေကို အဓိက အခမဲ့လိုက်လံကုသပေးနေတာပါ” လို့ Irrawaddy River Doctors Mobile Clinicl Boat ရဲ့ တာဝန်ရှိသူ ကိုမင်းမင်းကပြောပါတယ်။ လတ်တလောမှာတော့ GP ဆရာဝန်သုံးယောက်၊ သွားဆရာဝန်တယောက်၊ ပြည်ပဆရာဝန်တချို့နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ အရင်ကတော့ လူနာ ၁၀၀၀ နီးပါးလောက် ကုသပေးဖို့ ခန့်မှန်းထားပေမယ့် တဖြည်းဖြည်းနဲ့ လာရောက်ဆေးကုသသူတွေ ပိုမိုများပြားလာတာကြောင့် အချိန်ပိုင်း ပရဟိတ လာရောက်လုပ်ကိုင်ချင်တဲ့ ဆရာဝန်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။
2 years Ago
Up