ရေကျော်နေ၍ ပိတ်ထားသည့် ဘုရားကြီး - ကော့သောင်းလမ်း ပြန်ဖွင့်

July 30, 2018

ရေကျော်နေ၍ ပိတ်ထားသည့် ဘုရားကြီး - ကော့သောင်းလမ်း ပြန်ဖွင့်

လမ်းပေါ်မှာ ရေကျော်နေလို့ ဘုရားကြီး - ကော့သောင်း အဝေးပြေးလမ်းကို ယာယီပိတ်ထားရာက ဒီနေ့ ပြန်ဖွင့်ပြီလို့ မွန်ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။ ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့က တချို့နေရာတွေမှာ လမ်းရေကျော်နေခဲ့လို့ ဇူလိုင် ၂၆ ရက်ကစပြီး ဘုရားကြီး- မော်လမြိုင်- ထားဝယ်-  ကော့သောင်းအဝေးပြေး လမ်းမကြီးကို ယာယီပိတ်ထားခဲ့တာပါ။ အခုအခါ ရေပြန်လည်ကျဆင်းနေပြီဖြစ်လို့ ရေကျော်ခဲ့တဲ့နေရာတွေကို လမ်း၊ တံတား ပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက ကြံ့ခိုင်မှု စစ်ဆေးခဲ့ပြီး ဒီနေ့ ညနေ ၂ နာရီခွဲမှာ သထုံမြို့နယ်ဘက်က ဖွင့်ပြီး ညနေ ၄ နာရီမှာတော့ ကျိုက်ထိုမြို့နယ်ဘက်ကနေ အဝေးပြေးလမ်းမကြီးကို ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။
3 years Ago
Up