ရေကျော်သီတင်းကျွတ်ပွဲဈေး လုံခြုံရေး

September 26, 2017

ရေကျော်သီတင်းကျွတ်ပွဲဈေး လုံခြုံရေး လမ်းတိုင်းတွင် CCTV ကင်မရာဖြင့် စောင့်ကြည့်မည်

ရန်ကုန် ပုဇွန်တောင် ရေကျော်မှာ ကျင်းပဖို့ရှိတဲ့ သီတင်းကျွတ်ပွဲဈေး လုံခြုံရေးအတွက်   လမ်းတိုင်းမှာ လုံခြုံရေး CCTV ကင်မရာတွေ တပ်ဆင်ထားမယ်လို့ ပုဇွန်တောင်မြို့နယ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ရဲ့ အထူးစည်ကားလှတဲ့ ပွဲတော်တွေထဲမှာ တခုပါဝင်တဲ့ သီတင်းကျွတ် ရေကျော်ပွဲဈေးကို အောက်တိုဘာ ၂ ရက်ကနေ  ၆ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။ ရေကျော်ပွဲဈေးမှာ ရောင်းချမယ့် ဆိုင်ခန်းဈေးနှုန်းကတော့ ၅ ရက်ကို ငွေကျပ် ၈ သောင်းကျပ်နဲ့ ရောင်းချနေတာဖြစ်ပြီး ဆိုင်ခန်းဈေးနှုန်းကို အရင်နှစ်ကအတိုင်း မပြောင်းလဲဘူးလို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ပွဲဈေးမှာ ရောင်းချမယ့် ဆိုင်ခန်း ၂၀၀ ကို စီစဉ်ရောင်းချပေးခဲ့ပြီး  နောက်ထပ်ရောင်းချပေးမယ့် ဆိုင်ခန်းတွေတော့ မရှိတော့ဘူးလို့ ပြောပါတယ်။ ရေကျော်ပွဲဈေးကိုတော့ ပုဇွန်တောင်မြို့နယ်ထဲက (၉) ရပ်ကွက် ၊ (၁၀) ရပ်ကွက် ၊ (၇) ရပ်ကွက် ၊ မင်္ဂတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်တွေမှာ ကျင်းပမှာဖြစ်ပြီး ရပ်ကွက်တိုင်းမှာ ဖျော်ဖြေပွဲတွေလည်း ထည့်သွင်းကျင်းပဖို့ ရှိပါတယ်။
4 years Ago
Up