တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်လာမယ်လို့ ကစားသမားဟောင်း ရော်ဘီကိန်းက ချီးကျူးပြောကြားလိုက်ပါတယ်။
စပါးတိုက်စစ်မှူးဟောင်း ရော်ဘီကိန်းဟာ စပါးအသင်းက ချဲလ်ဆီးကို အနိုင်ရတဲ့ ကာရာဘောင်ဖလားပွဲစဉ်ကို စကိုင်းစပေါ့ရဲ့ ပွဲသုံးသပ်သူအဖြစ် ဆောက်ရွက်ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ပြိုင်ဘက်တွေအတွက် ထိတ်လန့်စရာ တိုက်စစ်မှူးဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျင်မီဂရေ့စ်ကို ကျော်ဖြတ်လိမ့်မယ်လို့ ရော်ဘီကိန်းက ဟောကိန်းထုတ်ခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂျင်မီဂရေ့စ်ဟာ ၁၉၆၀ ကျော် ဝန်းကျင်က စပါးအသင်းအတွက် စုစုပေါင်းသွင်းဂိုး ၂၆၆ ဂိုးသွင်းပြီး စံချိန်တင်ထားတာပါ။
ဟယ်ရီကိန်းကတော့ လက်ရှိအချိန်အထိ သွင်းဂိုး ၁၆၀ သွင်းခဲ့ပြီးဖြစ်တာကြောင့် အသင်းသမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားစာရင်းမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး စံချိန်ချိုးဖို့ဆိုရင်တော့ နောက်ထပ် ၁၀၇ ဂိုး လိုအပ်နေပါတယ်။
ဟယ်ရီကိန်းဟာ အသင်းကိုလည်း ချစ်မြတ်နိုးသူဖြစ်လို့ စပါးအသင်းမှာပဲ ဆက်ကစားမှာ သေချာတယ်လို့လည်း ရော်ဘီကိန်းက ပြောကြားခဲ့ပါတယ်။
ရော်ဘီကိန်းကတော့ စပါးအသင်းအတွက် ၁၂၂ ဂိုး သွင်းပေးထားတာဖြစ်ပါတယ်။
2 years Ago