အမေရိကန်လေတပ် ဗိုလ်ချုပ်ကြီး လောရီ ရော်ဘင်ဆင်ကို အမေရိကန် စစ်တပ်ရဲ့ မြောက်ပိုင်းဒေသ စစ်ဌာနချုပ်ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါတယ်။
ဒါကြောင့် သူဟာ အမေရိကန် တိုက်ခိုက်ရေးစစ်ဒေသရဲ့ ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီး ဖြစ်လာပါတယ်။
ဗိုလ်ချုပ်ကြီး ရော်ဘင်ဆင်ဟာ အရင်က ပစိဖိတ်ဒေသ လေတပ်ကို ဦးစီးခဲ့ပြီး အခုတော့ အမေရိကန် စစ်တပ်မှာ အဆင့်မြင့်ဆုံး ရာထူးတွေထဲက တခုကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
မနှစ်တုန်းက အမေရိကန်စစ်တပ်မှာ ကျားမ ခွဲခြားတာကို ဖျက်သိမ်းပြီး အမျိုးသမီးတွေကိုလည်း အဆင့်တိုင်းမှာ တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့ပါတယ်။ အမေရိကန် စစ်တပ်မှာ ကမ္ဘာဒေသအလိုက် စစ်တိုင်းတွေ ခွဲခြားတဲ့ စစ်ဌာနချုပ် ၉ ခုနဲ့ ဖွဲ့စည်းထားတာပါ။
ကာကွယ်ရေးဝန်ကြီး အက်ကာတာက ဗိုလ်ချုပ် လောရီ ရော်ဘင်ဆင်ရဲ့ လေးစားလောက်တဲ့ ဦးဆောင်မှု စွမ်းရည်၊ နည်းပညာ ကျွမ်းကျင်မှုတွေကြောင့် အခုလို တာဝန်အပ်နှင်းလိုက်တာလို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ရော်ဘင်ဆင်ဟာ တိုင်းမ် မဂ္ဂဇင်းရဲ့ ရွေးချယ်တဲ့ သြဇာအရှိဆုံး လူ ၁၀၀ ထဲမှာ ပါဝင်ပါတယ်။ အမေရိကန် စစ်တပ်မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး ၃၉ ယောက်ထဲမှာ အမျိုးသမီး ၃ ယောက်ရှိပြီး ဗိုလ်ချုပ်ကြီး ရော်ဘင်က တယောက် ဖြစ်ပါတယ်။
5 years Ago