ဂျပန်နိုင်ငံမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့တိုက်ကြီးများဖလား ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်က တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးအပါအဝင် ၄ ဂိုး ၂ ဂိုးနဲ့ ဂျပန်ကလပ် ကာရှီမာအသင်းကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၉ မိနစ်မှာ တိုက်စစ်မှူး ဘန်ဇီမာက သွင်းယူပေမယ့် ကာရှီမာအတွက် ချေပဂိုးကို ပထမပိုင်းပြီးကာနီးမှာ ပြန်လည်သွင်းယူပါတယ်။
ဂျပန်ကလပ် ကာရှီမာအသင်းဟာ တိုက်ကြီးများဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းလာတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။
ကာရှီမာအတွက် ဒုတိယဂိုးကို ၅၂ မိနစ်မှာ ရှီဘာဆာကီကပဲ သွင်းယူခဲ့ပြီး ရီးရဲလ်အတွက် ချေပဂိုးကို ရော်နယ်ဒိုက မိနစ် ၆၀ မှာ ပင်နယ်တီကတဆင့် သွင်းယူပါတယ်။
၂ ဂိုးစီ သရေကျလို့ အချိန်ပို ဆက်လက်ကန်ရာမှာ ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုကပဲ ၉၇ မိနစ်နဲ့ ၁၀၄ မိနစ်တွေမှာ ဂိုးသွင်းယူပြီး အနိုင်ရသွားပါတယ်။
6 years Ago