စပိန်မှာ အခွန်ရှောင်တယ်လို့ စွပ်စွဲခံနေရတာကြောင့် အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြန်လာချင်တယ်လို့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။
စီရော်နယ်ဒိုအနေနဲ့ ယူရို ၁၅ သန်း လောက် အခွန်ရှောင်တိမ်းတယ်လို့ စွပ်စွဲခံထားရတာကြောင့် စပိန်တရားရုံးမှာ စစ်ဆေးခံနေရတာပါ။
အင်္ဂလန်မှာ ကစားခဲ့စဉ်က အခွန်ကိစ္စပြဿနာမရှိခဲ့တာကြောင့် စပိန်လာလီဂါမှာ အခွန်ရှောင်တယ်လို့ စွပ်စွဲခံနေရတဲအပေါ်မှာ စီရော်နယ်ဒိုက စိတ်ပျက်နေ တာပါ။
ဘာစီလိုနာတိုက်စစ်မှူး နေမာအနေနဲ့ ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့တာဟာလည်း အခွန်ကိစ္စပြဿနာတွေ ပါဝင်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။
အသက် ၃၂ နှစ်ရှိ စီရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ၆ နှစ်ကစားခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံးဆုတစ်ကြိမ်ကိုလည်း မန်ယူအသင်းမှာရရှိခဲ့ပါတယ်။
5 years Ago