ရော်နယ်ဒိုဂျူနီယာ

October 15, 2018

ဂျူဗင်တပ်လူငယ်အသင်းအတွက် လှလှပပ ဂိုးသွင်းခဲ့သည့် ရော်နယ်ဒို၏သား (ရုပ်သံ)

ဖခင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဘောလုံးစွမ်းရည်တွေကို အပြည့်အဝ ရရှိထားတယ်လို့ ပရိသတ်တွေရဲ့ ချီးကျူးခံနေရတဲ့ ရော်နယ်ဒို ဂျူနီယာဟာ ပြီးခဲ့တဲ့ရက်ကလည်း ဂျူဗင်တပ် လူငယ်အသင်းအတွက် လှပတဲ့ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂျူနီယာသွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကို ရော်နယ်ဒိုက ဗွီဒီယိုနဲ့တကွ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ အသည်းပုံမျက်လုံး အီမိုဂျီနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ ပထမတဂိုးကတော့ တောင်ပံကနေ တောက်လျှောက်ဆွဲပြေးလာပြီး ဘောလုံးကို အမှတ်မထင်ခေါက်ကာ ဂိုးဧရိယာထဲ ဆွဲပြေးပြီးနောက် ဂိုးသမားကိုပါ ထပ်မံလိမ်ခေါက်ကာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကတော့ နောက်ခံကစားသမားတွေကို ကျော်ဖြတ်ပြီး တောင့်ဖြတ် အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့သားဖြစ်သူကို ဘောလုံးပညာတွေ သင်ကြားပေးနေသလို သူ့လို ဖီဖာ အကောင်းဆုံးကစားသမားဆု ၅ ကြိမ်ရ နာမည်ကြီးကစားသမားတဦး ဖြစ်စေလိုကြောင်း ပြောကြားထားပါတယ်။
3 years Ago
Up