ရော်နယ်ဒိုကို

January 21, 2018

ရော်နယ်ဒိုကို မန်ယူက ပြန်လည်ခေါ်ယူရန် စိတ်မ၀င်စားဟု သတင်းများထွက်ပေါ်

ေ​ခြစွမ်း​ကျဆင်း​နေပြီး ရီးရဲလ်မက်​ဒရစ်​အသင်းက​နေ ထွက်​ခွာလိုတယ်​လို့ ​ပြောကြားထားခဲ့တဲ့ ​ရော်​နယ်​ဒိုကို မန်​ချက်​စတာယူနိုက်​တက်​အသင်းက ပြန်​လည်​​ခေါ်ယူဖို့ စိတ်​မဝင်​စားဘူးလို့ သတင်း​တွေ ထွက်​​ပေါ်လာပါတယ်​။ ​ရော်​နယ်​ဒိုဟာ သူ့ရဲ့အသင်း​ဖော်​​တွေကို အသင်းက​နေထွက်​ခွာပြီး အသင်း​ဟောင်း မန်​ချက်​စတာယူနိုက်​တက်​အသင်းကို ပြန်​လည်​အ​ခြေချချင်​တယ်​လို့ ​ပြောကြားထားခဲ့တာလည်းဖြစ်​ပါတယ်​။ ဒါ​ပေမယ့် မန်​ချက်​စတာယူနိုက်​တက်​အသင်းက​တော့ လက်​တ​လောမှာ အာဆင်​နယ်​ကစားသမား ဆန်းချက်​ဇ်​ကို တစ်​ပတ်​လုပ်​ခ ​ပေါင်​ ၄ သိန်းခွဲနဲ့ ​ခေါ်ယူ​တော့မှာဖြစ်​လို့ ​ရော်​နယ်​ဒိုရဲ့ လုပ်​ခလစာမြင့်မားစွာနဲ့ ပြန်​လည်​​ရောက်​ရှိလာဖို့ကို စိတ်​မဝင်​စား​တော့တာလို့ သုံးသပ်​​နေကြပါတယ်​။ ဒါ့အပြင်​ ဆန်းချက်​ဇ်​ကို ကန်​တိုနာ၊ ​ဂျော့ခ်ျ​ဘတ်​စ်​၊ ဘက်​ခမ်းတို့ရဲ့ ကျောနံပတ်​ ၇ ကို ​ပေးဖို့ ကတိပြုထားတာ​ကြောင့် ​ရော်​နယ်​ဒိုအရင်​က ဝတ်​ဆင်​ခဲ့တဲ့ ​ကျောနံပါတ်​ကို ပြန်​လည်​မရရှိမယ့် ပြသနာ​တွေလည်းရှိလာမှာဖြစ်​ပါတယ်​။ ​ရီးရဲလ်မက်​ဒရစ်​အသင်းက​တော့ ​ရော်​နယ်​ဒိုကို ထွက်​ခွာခွင့် ပြု​တော့မယ်​လို့ ပြီးခဲ့တဲ့ရက်​က ထုတ်​ပြန်​ခဲ့​ပေမယ့် ကစားသမားနဲ့အသင်းရဲ့ကြားမှာ အကျိုးရှိတဲ့ စာချုပ်​တ​ခုကို ကတိပြုထားတယ်​လို့ သိရပါတယ်​။ မာကာသတင်းဌာနရဲ့ ​ရေးသား​ဖော်​ပြချက်​အရ ​မော်​ရင်​ဟိုဟာ ဂါရက်​​ဘေးလ်​အပြင်​ အသင်း​ဟောင်းကို ​ပြန်​လည်​​ခြေချချင်​တဲ့ ကစားသမားကို စိတ်​ဝင်​စားခြင်းမရှိဘူးလို့ သိရပါတယ်​။
3 years Ago

January 7, 2018

ရော်နယ်ဒိုကို တခြားအသင်းတွင် ကစားတာ မမြင်လိုဟု နည်းပြဇီဒန်းပြော

ရော်နယ်ဒိုကို ရီးရဲလ်အသင်းက လွဲပြီး အခြားအသင်းတွေမှာ ကစားတာ မမြင်ခြင်ဘူးလို့  ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းက ပြောလိုက်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် အသက် ၃၂ နှစ် အရွယ် ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ အနာဂတ်မရေရာဖြစ်နေပြီး အသင်းက ထွက်ခွာလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာပါ။ ရော်နယ်ဒိုမရှိတဲ့ ရီးရဲလ်အသင်းကို စိတ်တောင်မကူးနိုင်ကြောင်းနဲ့ အသင်းကနေ မထွက်ခွာစေလိုကြောင်း နည်းပြဇီဒန်းက ပြောပါတယ်။ သူဟာ ရီးရဲလ် ကစားသမားတစ်ယောက်ဖြစ်ပြီး အခြားဘယ်အသင်းအတွက်မှ ကစားနေတာ မမြင်ချင်ဘူးလို့လည်း ပြောပါတယ်။ လက်ရှိဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ အခြေအနေမကောင်း ဖြစ်နေပြီး အဓိက ပြိုင်ဘက်  ဘာဆီလိုနာအသင်းနဲ့ ၁၄ မှတ်ထိ ကွာဟနေပါတယ်။
3 years Ago
Up