ရော်နယ်ဒို၏

March 31, 2018

ရော်နယ်ဒို၏ အတွင်းခံကြော်ငြာ အင်စတာဂရမ်တွင် Like ၃ သန်းကျော်ပြီ

  ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ နိုင်ငံတကာခြေစမ်းပွဲစဉ်တွေအပြီးမှာ သူထုတ်လုပ်ရောင်းချနေတဲ့ အတွင်းခံဘောင်းဘီကြော်ငြာကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ မှန်နောက်ခံထားပြီး အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားသလို ကိုယ်ခန္ဓာ ကြွက်သားအလှကို ပြသထားတဲ့ ဓာတ်ပုံကိုတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ ၂ နာရီအတွင်း Like ၃ သန်းကျော် ရရှိသွားခဲ့ပြီးတော့ ရော်နယ်ဒိုဟာ ဘောလုံးလောကမှာတင်မဟုတ်ပဲ ပြင်ပပရိသတ်တွေကြားမှာပါ လွှမ်းမိုးမှုများစွာ ရှိနေတယ်ဆိုတာကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လာမယ့်ရက်မှာ လက်စ်ပါးမက်စ်အသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပေမယ့် နည်းပြဇီဒန်းကတော့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် ရော်နယ်ဒိုကို အနားပေးသွားဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာတော့ စီးရီးအေထိပ်သီးဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေတာကြောင့် ရုန်းကန်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
3 years Ago
Up