ရော်နယ်ဒို

May 22, 2019

ဂျူဗင်တပ်နည်းပြအဖြစ် မော်ရင်ဟိုကို ခန့်အပ်စေချင်ဟု ရော်နယ်ဒို ပြော

ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာအတွက် မော်ရင်ဟိုကို ခန့်အပ်စေချင်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုနဲ့ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် တရာသီတည်း ဖလားသုံးလုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီနိုင်ငံသားချင်းဖြစ်ပြီး ယုံကြည်မှု အပြည့်အဝ ရရှိထားသူတွေ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ ဒါ့အပြင် ရော်နယ်ဒို ဘောလုံးကွင်းထဲမှာ ဘယ်နေရာကနေ ကစားရမယ်ဆိုတာနဲ့ ပတ်သက်လို့ ငြင်းခုံရတဲ့ အခြေအနေ ဘယ်တော့မှ မရှိခဲ့ဘူးလို့ သိရပါတယ်။ မကြာသေးခင်က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာတော့ မော်ရင်ဟိုဟာ ဘယ်တော့မှ အရှုံးပေးတတ်သူတဦး မဟုတ်သလို ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးလူတဦး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဥရောပရဲ့ လိဂ်အတော်များများမှာ အတွေ့အကြုံရှိခဲ့တဲ့ နည်းပြဖြစ်ပြီး အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေဖလားနှစ်ကြိမ်၊ ကိုပါအီတလီယာဖလား တကြိမ်၊ စူပါကိုပါအီတလီယာနာဖလား တကြိမ်၊ ချန်ပီယံလိဂ်ဖလား တကြိမ် ရရှိထားပါတယ်။
2 years Ago

May 4, 2019

ဂျုဗင်တိုက်စစ်မှူး ရော်နယ်ဒို ခေါင်းတိုက်သွင်းဂိုး ၁၀၀ ပြည့် (ရုပ်သံဟိုက်လိုက်)

ဂျူဗင်​တပ်​စ်​တိုက်​စစ်​မှူး ​ရော်​နယ်​ဒိုဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ တိုရီနိုအသင်နဲ့ ကစားခဲ့တဲ့ပွဲစဉ်​မှာ သူ့ရဲ့ ကစားသမားသက်​တမ်းတ​လျှောက်​ ၆၀၁ ဂိုး​မြောက်​လည်းဖြစ်​ပြီး ​ခေါင်းတိုက်​သွင်းဂိုး ၁၀၀ ပြည့်ဂိုးလည်းဖြစ်​ခဲ့​ပါတယ်​။ ဂျူဗင်​တပ်​စ်​အသင်းဟာ မြို့ခံပြိုင်​ဘက်​ဖြစ်​တဲ့ တိုရီနိုအသင်းကို အိမ်​ကွင်းမှာ လက်​ခံကစားရ​ပေမယ့် ​အသာစီး​တော့ မရခဲ့ပါဘူး။ ပွဲကစားချိန်​ ၁၈ မိနစ်​မှာ တိုရီနိုတိုက်​စစ်​မှူး ဆာဆာလူကစ်​က ဦး​ဆောင်​ဂိုးသွင်းယူ​ပေးခဲ့ပြီး​ ပွဲကစားချိန်​​တော်ေ​တာ်​များများမှာ အသာစီးနဲ့ ကစားသွားခဲ့ပါတယ်​။ ပူပူ​နွေး​နွေး စီးရီ​​အေ ၈ နှစ်​ဆက် ​ချန်​ပီယံဘွဲ့ရထားတဲ့ ဂျူဗင်​တပ်​စ်​တို့ ​ချေပဂိုးရရှိ​ရေး ကြိုးစားခဲ့​ပေမယ့် ပွဲကစားချိန်​ မိနစ်​ ၈၀​ ကျော်​ထိ ​ချေပဂိုးမရခဲ့ဘဲ ၈၄ မိနစ်​အ​ရောက်​မှာ​တော့ ​နောက်​ခံလူ လီယိုနာဒိုစပင်​နတ်​ဇ်​ဇာ ဖန်​တီး​ပေးပို့မှုကို ​ရော်​နယ်​ဒိုက ခေါင်းတိုက်​ပြီး ​ချေပဂိုးကို အရယူ​ပေးခဲ့တာဖြစ်​ပါတယ်​။ ရော်​နယ်​ဒိုလိုပဲ မက်​ဆီဟာ ပြီးခဲ့တဲ့ ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​မှာ ၂ ဂိုးသွင်းယူပြီး ဂိုး ၆၀၀ ပြည့်ခဲ့တာဖြစ်​ပါတယ်​။
2 years Ago
More News
Up