ရော်နယ်ဒင်ဟို

A d v e r t i s e m e n t With Us

March 28, 2018

မန်ယူကိုပြောင်းရွှေ့ရန် နီးစပ်ခဲ့ဖူးဟု ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟို ပြော

ဘာစီလိုနာအသင်းဆီ မပြောင်းရွှေ့ခင်မှာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုက ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒင်ဟိုအနေနဲ့ ၂၀၀၃ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ ၂ ရက်အလိုမှာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဖြစ်လာမယ့် ဆန်ဒရိုရိုဆဲလ်က ကမ်းလှမ်းခဲ့တာကြောင့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်ခဲ့တယ်လို့ ရော်နယ်ဒင်ဟိုက ဆိုပါတယ်။ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ဘရာဇီးလူမျိုးတိုင်းက ဘာစီလိုနာကို ချစ်မြတ်နိုးကြသလို သမိုင်းအစဉ်အလာကောင်းတွေလည်း ရှိတဲ့အသင်းဖြစ်တယ်လို့ ရော်နယ်ဒင်ဟိုက ဆိုပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်က အေစီမီလန်ကနေ အင်္ဂလန်ကလပ် ဘလက်ဘန်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး အိမ်ပြန်ချင်တာကြောင့် ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းဆီပဲ ပြောင်းရွှေ့ခဲ့တယ်လို့ ရော်နယ်ဒင်ဟိုက ဆိုပါတယ်။
3 years Ago

September 5, 2016

ရော်နယ်ဒင်ဟိုကို ဘာစီလိုနာအသင်း သံတမန်အဖြစ် ခန့်အပ်

ဘာစီလိုနာအသင်းဟာ ကစားသမားဟောင်း ရော်နယ်ဒင်ဟိုကို အသင်းရဲ့ သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ရုံးခွဲသစ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖွင့်လှစ်မှာဖြစ်ပြီး နိုင်ငံတကာမှာ ဘာစီလိုနာအသင်းရဲ့ပုံရိပ် ပိုမိုကြီးထွားလာစေဖို့အတွက် ရော်နယ်ဒင်ဟိုကို သံတမန်အဖြစ် ခန့်အပ်ခဲ့တာပါ။ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကစားခဲ့ပြီး လာလီဂါဖလား ၂ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ကမ္ဘာ့အကောင်းဆုံးဆု ၂ ကြိမ်ဆက်ရခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ၂၀၁၅ မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီးနောက် ဘာစီလိုနာအသင်းက အသင်းရဲ့ သံတမန် ၁ ဦးအဖြစ် ပြန်လည်ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
More News
Up