ရော်နယ်ဒင်ဟို စင်ကာပူတွင် ဘောလုံးအကယ်ဒမီ ဖွင့်မည်

December 5, 2015

ရော်နယ်ဒင်ဟို စင်ကာပူတွင် ဘောလုံးအကယ်ဒမီ ဖွင့်မည်

ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒင်ဟိုဟာ အရှေ့တောင်အာရှ စင်ကာပူနိုင်ငံမှာ ဘောလုံးအကယ်တမီတခုကို  တည်ထောင်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် စင်ကာပူကို လာမယ့် တပတ် လာရောက်ဖို့ ရှိနေတယ်လို့ စင်ကာပူ ဒေသခံ ကလပ်အသင်းကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။ စင်ကာပူဘောလုံးလိဂ် ၅ ကြိမ် ချန်ပီယံ တန်ပီးရိုဗာ ဘောလုံးကလပ်နဲ့ နိုင်ငံတကာဘောလုံးအဖွဲ့တို့နဲ့ အစုအစပ်လုပ်ဆောင်ပြီး ရော်နယ်ဒင်ဟို ဘောလုံးအကယ်ဒမီ တည်ထောင်သွားမယ်လို့ စင်ကာပူဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြမှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုဟာ ၂၀၀၂ ကမ္ဘာဖလားကို ဘရာဇီးအသင်းနဲ့ ရယူခဲ့ဖူးသလို ၂၀၀၄နဲ့ ၂၀၀၅ ခုနှစ်မှာ ဖီဖာ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့ဘူးပါတယ်။
7 years Ago
Up