ရော်ဂျာဖက်ဒရာ

April 1, 2019

မီယာမီအိုးပန်း ချန်ပီယံဆုကို ရော်ဂျာဖက်ဒရာ ၄ ကြိမ်မြောက် ဆွတ်ခူး

မတ်လ ၃၁ ရက်နေ့က အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ မီယာမီအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး တင်းနစ်သမား ရော်ဂျာ ဖက်ဒရာက ဂျွန်အစ်စနာကို အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ အသက် ၃၇ နှစ်အရွယ် ဖက်ဒရာက ပထမပွဲကို လက်ရည်အသာစီးနဲ့ ယှဉ်ပြိုင်ပြီး ၆ - ၁ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာ ဖက်ဒရာဟာ အိမ်ရှင် အမေရိကန်နိုင်ငံသား ဂျွန်အစ်စနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၆ - ၄ နဲ့ အနိုင်ရသွားတာပါ။ လက်ရှိချန်ပီယံ ဂျွန်အစ်စနာဟာ ဒီပြိုင်ပွဲမှာ ရုန်းကန် ယှဉ်ပြိုင်သွားရပါတယ်။ ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒရာဟာ မီယာမီအိုးပန်း ချန်ပီယံဆုကို ကစားသမားဘဝ သက်တမ်းမှာ ၄ ကြိမ် ရယူနိုင်တာ ဖြစ်ပါတယ်။
2 years Ago

March 20, 2018

ရော်ဂျာဖက်ဒရာကို အနိုင်ယူပြီး ဒယ်ပေါ့ထရို India Wells Master တင်းနစ်ချန်ပီယံဆု ရရှိ

India Wells Master အမျိုးသားတဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားမှ ဒယ်ပေါ့ထရိုက နာမည်ကြီးတင်းနစ်သမား ရော်ဂျာဖက်ဒရာကို အနိုင်ယူပြီး ချန်ပီယံဆု ရရှိသွားပါတယ်။ အမေရိကန်နိုင်ငံ Indian Wells မှာ ကျင်းပတဲ့ အခုပြိုင်ပွဲမှာ ဒယ်ပေါ့ထရိုက (၆-၄)၊ (၆-၇)၊ (၇-၆) ရလဒ်နဲ့ အနိုင်ယူခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အခုပြိုင်ပွဲမှာ ပထမဆုံအကြိမ်ဗိုလ်စွဲတဲ့ ပထမဆုံး အာဂျင်တီးနား ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သြစတြေးလျအိုးပင်းမှာ ပူပူနွေးနွေး ချန်ပီယံဆုရယူထားတဲ့ ဆွစ်ဇာလန်က ရော်ဂျာဖက်ဒရာအတွက်တော့ အခုနှစ်အတွင်း ပထမဆုံး ရှုံးပွဲတွေ့သွားခဲ့တာပါ။ အမျိုးသမီးတဦးချင်းပြိုင်ပွဲမှာတော့ ဂျပန်တင်းနစ်မယ် အိုဆာကာ၊ ရုရှားက ကာဆက်ကင်နာကို ၂ ပွဲပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
3 years Ago
More News
Up