ရော်ဂျာစ်

A d v e r t i s e m e n t With Us

October 5, 2015

လီဗာပူး နည်းပြ ရော်ဂျာစ် ရာထူးမှ ထုတ်ပယ်ခံရ

လီဗာပူးအသင်းက နည်းပြ ဘရန်ဒန် ရော်ဂျာစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ နည်းပြ ရော်ဂျာစ်ဟာ လီဗာပူးမှာ ၃ နှစ်ခွဲ တာဝန်ယူခဲ့အပြီး အထုတ်ခံရတာပါ။ လီဗာပူးအသင်းဟာ ဒီနှစ်ရာသီအစမှာ ရလဒ်တွေ ဆိုးဝါးနေပြီး အောက်တိုဘာ ၃ ရက်နေ့က ပွဲစဉ်မှာလည်း အဲဗာတန်နဲ့ သရေကျခဲ့ပါတယ်။ လောလောဆယ် လီဗာပူးနည်းပြရာထူးအတွက် ဒေါ့မွန် နည်းပြဟောင်း ဂျာဂင် ကလော့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ လီဗာပူးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုကို အသင်းအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ၈ ပွဲ ကစားထားရာမှာ ၃ ပွဲပဲ နိုင်သေးပြီး ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up