အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးအကြံပေးဟောင်း ရော်ဂျာစတုန်းဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဝါရှင်တန်ဒီစီ တရားရုံးမှာ လာရောက်အစစ်ဆေးခံခဲ့ပါတယ်။
ရော်ဂျာစတုန်းဟာ သူ့အမှုကို ကြားနာနေတဲ့ တရားသူကြီး ဂျက်ဆင်ကို ဝေဖန်ခြိမ်းခြောက်ပုံရတဲ့ ပို့စ်တွေ အင်စတာဂရမ်ပေါ် တင်ခဲ့တာပါ။
တရားသူကြီး ဂျက်ဆင်ရဲ့ အင်စတာဂရမ်ပို့စ်ပေါ်မှာ စတုန်းက သေနတ်ချိန်မှတ် ဖြစ်ပုံရတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးနောက် စတုန်းရဲ့ရှေ့နေတွေက တရားရုံးထံ တရားဝင်တောင်းပန်လွှာ တင်သွင်းခဲ့ပါတယ်။
ဒီအတွက် စတုန်းအနေနဲ့ သူ့ရဲ့ပို့စ်တွေဟာ တရားရုံးအမိန့်နဲ့ လွှတ်ပေးတဲ့ စည်းကမ်းချက်တွေကို မချိုးဖောက်ဘူးဆိုတာ ဖြေရှင်းရမယ်လို့ ခရိုင်တရားသူကြီး ဂျက်ဆင်က ပြောခဲ့ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ တရားစွဲဆိုခံရတဲ့ စတုန်းက သူဟာ ကွန်ဂရက်မှာ မှားယွင်းထွက်ဆိုမှု၊ ရောဘတ်မူလာရဲ့ စုံစမ်းရေးကို တားဆီးပိတ်ပင်မှုနဲ့ သက်သေပျက်ယွင်းစေမှု စတဲ့ စွဲချက်တွေမှာ အပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။
တရားရုံးက ရော်ဂျာစတုန်းကို အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ခံဝန်နဲ့ လွှတ်ပေးခဲ့ပြီး စတုန်းဟာ တရားရုံးခွင့်ပြုချက်မပါဘဲ အမေရိကန် မြို့တချို့ကို လွတ်လပ်စွာ သွားလာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago