ရော့တာဒမ်ဖလား တင်းနစ်ပြိုင်ပွဲတွင် ပြင်သစ်နိုင်ငံသား တက်စွန်ဂါ ဗိုလ်စွဲ

February 20, 2017

ရော့တာဒမ်ဖလား တင်းနစ်ပြိုင်ပွဲတွင် ပြင်သစ်နိုင်ငံသား တက်စွန်ဂါ ဗိုလ်စွဲ

နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ရော့တာဒမ်ဖလား အမျိုးသားတဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျိုဝဲဖရိုက် တက်စွန်ဂါက ဒေးဗစ် ဂေါဖင်ကို အနိုင်ရသွားပါတယ်။ ပထမပွဲကို အသက် ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယံနိုင်ငံသား ဒေးဗစ်ဂေါဖင်ကို  ၆ - ၄ နဲ့ အနိုင်ရသွားတာပါ။ ဂေါဖင်ဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ဆုဖလားတွေ ရယူနိုင်ခြင်း မရှိသေးပါဘူး။ နောက်ပွဲကို ပြင်သစ်နိုင်ငံသား တက်စွန်ဂါက  ၆ - ၄၊  ၆ - ၁ နဲ့ အနိုင်ယူပြီး ရော့တာဒမ် ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ရော့တာဒမ်ဆုဖလားဟာ အသက် ၃၁ နှစ်အရွယ် တက်စွန်ဂါအတွက်တော့ ၂၀၁၅ နောက်ပိုင်းမှာ ပထမဆုံးရတဲ့ဆုလည်း ဖြစ်ပါတယ်။
4 years Ago
Up