ရော့စီ

September 26, 2018

အီတလီတိုက်စစ်မှူးဟောင်း ရော့စီ တားမြစ်ဆေးသုံးမှုကြောင့် ၁ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်

အီတလီတိုက်စစ်မှူးဟောင်း ဂူဆက်ပီ ရော့စီဟာ တားမြစ်ဆေး စစ်ဆေးမူ ကျရူံးခဲ့တာကြောင့် ၁ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့ရှိနေပါတယ်။ ရော့စီဟာ ပြီးခဲ့တဲ့မေလက ကစားခဲ့တဲ့ ဂျီနိုအာ အသင်းနဲ့ ပွဲစဉ်အပြီး တားမြစ်ဆေး စစ်ခဲ့ရာမှာ သုံးစွဲတဲ့ သံသယရှိခဲ့တာလို့ ဆိုပါတယ်။ ဂူဆက်ပီရော့စီအနေနဲ့ လာမယ့်တပတ်အတွင်းမှာ တားမြစ်ဆေးသုံးစွဲခြင်း ရှိ မရှိ ထပ်ပြီး အစစ်ဆေးခံရမယ်လို့ အီတလီတားမြစ်ဆေး တိုက်ဖျက်ရေးအေဂျင်စီက အတည်ပြုခဲ့ပါတယ်။ ရော့စီဟာ ဂျီနိုအာနဲ့ ပြီးခဲ့တဲ့ရာသီအထိပဲ ကစားခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ အသက် ၃၁ နှစ်ရှိ ဂူဆက်ပီရော့စီဟာ မန်ယူ၊ ဗီလာရီးရဲလ်၊ ဖီအိုရင်တီးနား အသင်းတွေမှာ ကစားခဲ့ပြီး အီတလီအသင်းအတွက်လည်း ပွဲ ၃၀ ကစားပြီး ၇ ဂိုးသွင်းခဲ့ပါတယ်။
3 years Ago
Up