ရောဘတ်ဟုသ်

A d v e r t i s e m e n t With Us

May 6, 2016

တံတောင်နှင့်တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် ၃ ပွဲပယ်ခံရ

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာအသင်း နောက်ခံလူ ရောဘတ်ဟုသ်တို့ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ၃ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဖလာမီနီက မန်ယူရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်မှာဖြစ်ပြီး မေ ၂၁ ရက် ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် အက်ဖ်အေ ဗိုလ်လုပွဲမှာ ပြန်လည် ကစားနိုင်မှာ ဖြစ်ပါတယ်။ ဟုသ်ကတော့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၂ ပွဲလုံး လွဲချော်မှာဖြစ်သလို နောက်နှစ် ရာသီအစ ပွဲတပွဲကိုလည်း ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ကစားသမား ၂ ဦးလုံးက ပြစ်ဒဏ်ကို လက်ခံပေမယ့် ဟုသ်ကတော့ ပွဲပယ်တာ များတယ်လို့ ပြောပါတယ်။ မေလ ၁ ရက်နေ့က မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဖလာမီနီက တံတောင်နဲ့ ဟုသ်ကို တွက်မိသလို ဟုသ်ကလည်း ဖလာမီနီဆံပင်ကို ဆွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဘောလုံးပွဲ ကြီးကြပ်သူတွေက မမြင်ပေမယ့် ဒိုင်လူကြီး ၃ ဦးက ရုပ်သံမှာ ပြန်လည်ကြည့်ရှုခဲ့ပြီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago

May 4, 2016

တံတောင်နှင့်တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် စွဲချက်တင်ခံရ

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာအသင်း နောက်ခံလူ ရောဘတ်ဟုသ်ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင်ထားပါတယ်။ မေလ ၁ ရက်နေ့က မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဖလာမီနီက တံတောင်နဲ့ ဟုသ်ကို တွက်မိသလို ဟုသ်ကလည်း ဖလာမီနီဆံပင်ကို ဆွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဘောလုံးပွဲ ကြီးကြပ်သူတွေက မမြင်ပေမယ့် ဒိုင်လူကြီး ၃ ဦးက ရုပ်သံမှာ ပြန်လည်ကြည့်ရှုခဲ့ပြီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ ၂ ဦးစလုံး ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို ဧပြီ ၄ ရက်အထိ စွဲချက်ကို အယူခံခွင့် ရထားပါတယ်။ မန်ယူနည်းပြ ဗန်ဂါးကတော့ ဒီဖြစ်ရပ်အတွက် သူတို့အသင်း ပင်နယ်တီရသင့်တယ်လို့ ဆိုပါတယ်။
5 years Ago
Up