ရောဘတ်မူလာ

December 5, 2018

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းကို သက်သက်ညှာညှာ ပြစ်ဒဏ်ချရန် အကြံပြု

ရုရှားစုံစမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းကို သက်သက်ညှာညှာ ပြစ်ဒဏ်ချမှတ်ဖို့ အထူးစုံစမ်းရေးမှူး ရောဘတ်မူလာအဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထောက်ခံ အကြံပြုခဲ့ပါတယ်။ ဖက်ဒရယ်အစိုးရ ရှေ့နေတွေရဲ့ ပြစ်ဒဏ်သတ်မှတ်ရေး မှတ်တမ်းမှာ အဲဒီလို ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီရေးသားချက်ကို သတင်းဌာနတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့ပြီး မိုက်ကယ်ဖလင်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အသေးစိတ်အချက်တွေကို ဖော်ပြမယ်ဆိုတဲ့ ထင်ကြေးတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတရာထူး လက်မခံမီ တလအလိုက ရုရှားသံအမတ်ကြီးနဲ့ အဆက်အသွယ် လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အက်ဖ်ဘီအိုင်ကို လိမ်လည် ပြောကြားခဲ့တဲ့အပေါ်မှာ အပြစ်ရှိကြောင်း မိုက်ကယ်ဖလင်းက ထွက်ဆိုထားပြီး ဖြစ်ပါတယ်။ အထူးစုံစမ်းရေးမှူး မူလာအဖွဲ့ရဲ့ ဖော်ပြချက်မှာ “ဖလင်းဟာ အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့နဲ့ ရုရှားအစိုးရ အရာရှိတွေအကြား ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကိုယ်တွေ့ သတင်းအချက်အလက်တွေကို ပေးခဲ့တယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ဖို့ ရက်သတ်မှတ်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

August 2, 2018

စုံစမ်းမေးမြန်းမှုများအား သမ္မတ ထရမ့် ကိုယ်တိုင်ဖြေကြားရန် ရောဘတ်မူလာ လိုလား

အမေရိကန် ရွေးကောက်ပွဲမှာ ရုရှား ဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ရောဘတ်မူလာက သမ္မတဒေါ်နယ်ထရမ့်ကို စုံစမ်းမေးမြန်းရာမှာ အနှောင့်အယှက်ပေးနိုင်တဲ့ မေးခွန်းတွေ လျော့ချသွားဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမယ့် စုံစမ်းမေးမြန်းမှုတွေကို စာနဲ့မဟုတ်ဘဲ လူကိုယ်တိုင်ဖြေကြားဖို့ ရောဘတ်မူလာက လိုလားတယ်လို့လည်း စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတထရမ့်နဲ့ လူတွေ့မေးမြန်းဖို့ ထပ်မံအဆိုပြုထားတဲ့ ရောဘတ်မူလာရဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့တယ်လို့ ထရမ့်ရဲ့ရှေ့နေ ဂူလီယာနီက သြဂုတ် ၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။ အရင်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှေ့နေတွေဟာ ရောဘတ်မူလာရဲ့ မေးခွန်းတွေကို စာနဲ့ ရေးသားဖြေကြားမယ်လို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါ့အပြင် သမ္မတနဲ့ လူတွေ့မေးမြန်ရာမှာလည်း ဒေါ်နယ်ထရမ့် သမ္မတမဖြစ်ခင် အချိန်ကာလနဲ့ဆိုင်တဲ့ မေးခွန်းတွေကို အကန့်အသတ်နဲ့သာမေးဖို့ ထရမ့်ရဲ့ရှေ့နေတွေက ကမ်းလှမ်းခဲ့တာပါ။ အဲဒီအချက်ဟာ ရုရှားနဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ အဆပ်အစပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အကြီးအကျယ် ကန့်သတ်ချက်တခု ဖြစ်ပါတယ်။
3 years Ago
Up