ရောဘတ်ဒီနီးရိုး

June 11, 2018

သမ္မတ ဒေါ်နယ်ထရမ့်ကို ဆဲဆိုခဲ့သည့် ဟောလိဝုဒ်မင်းသားကြီး ရောဘတ်ဒီနီးရိုး

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသားကြီး ရောဘတ်ဒီနီးရိုးဟာ ဇွန်လ ၁၀ ရက်နေ့က နယူးယောက်မှာလုပ်တဲ့ Tony Awards ဆုပေးပွဲ တက်ရောက်စဉ် သမ္မတ ဒေါ်နယ်ထရမ့်ကို မကျေမနပ်နဲ့ ဆဲဆိုသွားပါတယ်။ သူဟာ  အဲဒီပွဲမှာ ဖျော်ဖြေမယ့် ကမ္ဘာကျော် ရော့ခ်အဆိုတော်ကြီး  ဘရုစ်စပရင်းစတင်းကို မိတ်ဆက်ပေးဖို့အတွက် စင်မြင့်ပေါ် ရုတ်တရက် ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ဘာစကားမှမပြောခင် သမ္မတထရမ့်ကို အခုလို ပြစ်တင်ဆဲဆိုခဲ့တာပါ။ ဘာကြောင့် အခုလို ဆဲဆိုခဲ့သလဲ ဆိုတာကိုတော့ မင်းသားကြီးက ရှင်းမပြခဲ့ပါဘူး။ ရောဘတ်ဒီနီးရိုးဟာ အမေရိကန်ပြည်ထောင်စုမှာ လူအများ လေးစားခံရတဲ့ ဟောလိဝုဒ် မင်းသားကြီးဖြစ်ပြီး အော်စကာဆုနှစ်ဆု ဆွတ်ခူးရရှိထားပါတယ်။ မင်းသားကြီး ဒီနီးရိုးရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ကတော့ တစုံတရာ မှတ်ချက်ပေးတာမျိုး မရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up