ရောဘတ်တို ဖာမီနိုကို ပေါင် ၁၃.၁ သန်းထိ မန်ယူ တိုးမြှင့်ကမ်းလှမ်း

June 24, 2015

ဘရာဇီးတိုက်စစ်မှူး ဖာမီနိုကို လီဗာပူး ခေါ်ယူ

လီဗာပူးအသင်းက ဘရာဇီးတိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုကို ပေါင် ၂၉ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ဖာမီနိုကို ဂျာမန်ကလပ် ဟော်ဖန်ဟိုင်းအသင်းကနေ ခေါ်ယူလိုက်တာပါ။ ဖာမီနိုဟာ လောလောဆယ်မှာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ကိုပါပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ သူ့အနေနဲ့ အလုပ်လုပ်ခွင့်ပါမစ် ရဖို့တော့ လိုအပ်နေပါတယ်။ လီဗာပူးအသင်း အမှုဆောင် အရာရှိချုပ်ကတော့ ကိုပါဖလား ကျင်းပတဲ့ ချီလီကို ရောက်ရှိနေပြီး ဖာမီနိုကို ၅ နှစ်စာချုပ်နဲ့ ချုပ်နိုင်ဖို့ ဆွေးနွေးနေပါတယ်။ တိုက်စစ်မှူး ဖာမီနိုဟာ ၂၀၁၁ မှာ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ အန်ဒီ ကာရိုးပြီးရင် လီဗာပူးက ဒုတိယမြောက် ကြေးအကြီးဆုံးနဲ့ ခေါ်ယူတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ လီဗာပူးက အသင်းမှာ မတည်မငြိမ် ဖြစ်နေတဲ့ တိုက်စစ်မှူး စတာလင်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ပြင်ဆင်မှုအနေနဲ့ ဖာမီနိုကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ဘရာဇီး တိုက်စစ်မှူး ဖာမီနိုဟာ ဟော်ဖန်ဟိုင်း အသင်းအတွက် ၁၅၃ ပွဲမှာ ၄၉ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ဘရာဇီးက ဗင်နီဇွဲလားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ကိုပါဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ဂိုး ၁ ဂိုး သွင်းယူပေးထားပါတယ်။
6 years Ago

June 20, 2015

ကွင်းလယ်ကစားသမား ဖာမီနိုကို မန်ယူအသင်းက ပေါင် ၁၃.၁ သန်းဖြင့် ခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းက ဂျာမန်ဘွန်ဒက်လီဂါ အသင်းတသင်းဖြစ်တဲ့ ဟော်ဖမ်ဟင်း အသင်းက ကွင်းလယ်လူ ရောဘတ်တို ဖာမီနို ကို ပေါင် ၁၃.၁ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးပြီလို့ ဒေးလီးစတားသတင်းမှာ ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၃ နှစ်အရွယ် ဖာမီနိုကို လီဗာပူးလ် အသင်းနဲ့ အပြိုင် ခေါ်ယူခဲ့ရပြီး နောက်ဆုံး သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်လာတာပါ။  ဖာမီနိုဟာ ၂၀၁၄ မှာ ဘရာဇီးလက်ရွေးစင်ဖြစ်ခဲ့ပြီး လက်ရှိ မှာတော့ ကစားပွဲ ၆ ပွဲနဲ့ ၃ ဂိုးသွင်းထားပါတယ်။
6 years Ago
Up