ရောဘတ်ဂရင်း

July 27, 2018

အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်း ရောဘတ်ဂရင်းကို အရန်အဖြစ် ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းက အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်း ရောဘတ်ဂရင်းကို တနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဂိုးသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးက ခေါ်ယူထားတာပါ။ ရောဘတ်ဂရင်းကို ဟတ်ဒါဖီးလ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ တပွဲမှမသုံးဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်တာပါ။ ဂိုးသမား ဂရင်းဟာ နောဝစ်ခ်ျ၊ ဝက်စ်ဟမ်း၊ ကျူပီအာ၊ လိဒ်အသင်းတို့အတွက် ပွဲပေါင်း ၆၅ဝ ကစားပေးထားပြီး အင်္ဂလန်အသင်းအတွက်တော့ ၁၂ ပွဲ ကစားပေးထားပါတယ်။ ချဲလ်ဆီးက လက်ရှိဂိုးသမား ကော့တွိုက်စ်နဲ့ ဝီလီကာဘယ်ရယ်လိုတို့ နောက်မှာ အရန်အဖြစ်နဲ့ အားဖြည့်ဖို့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
3 years Ago
Up