ရောင်ခြည်စက်ဝန်း

February 17, 2019

တရုတ်တွင် ထွက်ပေါ်လာသည့် ရောင်ခြည်စက်ဝန်း ၂ ခု (ရုပ်သံ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟော့ပေပြည်နယ် ကျန်းကျားကို့မြို့မှာ သောကြာမနက်က နေရောင်ကြောင့်ဖြစ်တဲ့ ရောင်ခြည်စက်ဝန်း နှစ်ခု ပေါ်လာခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ နေရဲ့ နှစ်ဖက်စလုံးမှာ နေရောင်ခြည်စက်ဝန်း ပေါ်လာခဲ့လို့ အဝေးကနေ လှမ်းကြည့်ရင် နေ၃လုံး ထွက်သလို မြင်ရတာပါ။ ရောင်ခြည် စက်ဝန်းတွေ ဆယ်မိနစ်နီးပါးကြာအောင် ရှိနေခဲ့ပါတယ်။ နေရောင်ခြည် စက်ဝန်းဟာ လေထုအတွင်း အမြင်ဆိုင်ရာ ဖြစ်စဉ်ကြောင့်ဖြစ်တာလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ သင့်တော်တဲ့ အမြင့်နေရာမှာ ရေငွေ့တွေ ရေခဲမှုန် ဖြစ်လာပြီး နေရောင်ထိုးချိန်မှာ ရေခဲမှုန်တွေက အလင်းပြန်လို့ နေရောင်ခြည် စက်ဝိုင်းကို မြင်ရတာလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။
2 years Ago
Up