ရောင်းဝယ်ဖောက်ကားသုံးစွဲ

A d v e r t i s e m e n t With Us

February 9, 2016

ကျောင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲရန် ထိုင်းဘုန်းကြီး ဆိုင်းဘုတ်တင်

ထိုင်းနိုင်ငံ ဆူရတ်ဋ္ဌာနီ ကန်ချနာဒစ် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်က ကျောင်းထဲမှာ ဒေသခံတွေ မူးယစ်ဆေးဝါး လာရောက်သုံးစွဲဖို့ ဖိတ်ခေါ်တဲ့ ဆိုင်းဘုတ်ကို ကျောင်းရှေ့မှာ ချိတ်ဆွဲလိုက်ပါတယ်။ [caption id="attachment_134687" align="alignright" width="429"]ဓာတ်ပုံ - Bangkok Post ဓာတ်ပုံ - Bangkok Post[/caption] ကျောင်းထဲမှာ လာရောက်ပြီးတော့ မူးယစ်ဆေးသုံးတာတွေ လုပ်ဆောင်နေတာကို စိတ်ပျက်နေတဲ့ ကျောင်းထိုင်ဆရာတော်က ဒေသခံတွေ ကျောင်းမှာ မူးယစ်ဆေးဝါးရောင်းချ သုံးစွဲနိုင်သလို သံဃာတော်တွေက ဆွမ်းခံကျွေးမယ်ဆိုပြီး ကြီးမားတဲ့ ဆိုင်းဘုတ်ကို အရွဲ့တိုက် ချိတ်ဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ လူမှုရေးကွန်ရက်မှာ ပျံ့နှံ့သွားပြီး ဒေသခံအာဏာပိုင်တွေက အလျင်အမြန် အရေးယူမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ သနွန်ဘုန်းတော်ကြီးကျောင်းအနီးနားက လူနေထိုင်ရာရပ်ကွက် ၁၃ ခုကို ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက ၀င်ရောက် စီးနင်းခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူလို့ သံသယရှိသူ ၁၂ ဦးကို ဖေဖော်ဝါရီ ၉ ရက် အာရုံတက်မှာ ဖမ်းဆီးခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ အတူ ဆေးခြာက် ၄၇၀ ဂရမ်၊ ရေခဲ၊ ဆေးခြောက်အရွက်၊ ရိုင်ဖယ်၊ ပစ္စတိုနဲ့ ကျည်ဆံအပါအ၀င် မော်တော်ဆိုင်ကယ်တွေကိုလည်း သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ ကျောင်းရှေ့မှာ ဘုန်းတော်ကြီး စိုက်ထူတဲ့ ဆိုင်းဘုတ်ကြောင့် စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ အစောပိုင်းကတည်းက သံဃာတော် ၁၂ ပါး သီတင်းသုံးနေတဲ့ ဒီကျောင်းက ကျောင်းထိုင်ဆရာတော်က မူးယစ်ဆေးဝါးသုံးစွဲသူတွေ ကျောင်းထဲကို လာရောက်နေတဲ့ ဖြစ်ရပ်ကို တိုင်ကြားခဲ့ပါတယ်။
5 years Ago
Up