ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်မှာ မအောင်မြင်တာကြောင့် အသင်းနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ တဖြည်းဖြည်းများလာခဲ့ကာ ကာတာအားကစားရင်းနှီးမြှုပ်နှံရေးအဖွဲ့က အသင်းကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။
ကာတာရင်နှီးမြှုပ်နှံရေး အာဏာပိုင်လက်အောက်မှာရှိတဲ့ ကာတာအားကစားရင်းနှီးမြှုပ်နှံရေးအဖွဲ့ဟာ ပဲရစ်မြို့အခြေစိုက် ပီအက်စ်ဂျီအသင်းကို ၂၀၁၂ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့လို ဥရောပထိပ်သီးဖြစ်လာဖို့ မျှော်လင့်တာပါ။
အသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့အတွက် နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်း၊ လူငယ်ကြယ်ပွင့် အန်ဘာပေးကို မိုနာကိုကနေ ပေါင်သန်း ၁၆၀၊ ကာဗာနီ၊ ဒီမာရီယာ၊ ဒေးဗစ်လုဇ် တို့လိုကစားသမားတွေကိုလည်း ပေါင်သန်း၅၀ လောက်နဲ့ ခေါ်ယူခဲ့ပေမယ့် လက်ရှိ အချိန်ထိ ဒေသတွင်း ဖလားတွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။
ဒါ့အပြင် အသင်းမှာရှိတဲ့ နာမည်ကြီးကစားသမားတွေရဲ့ ပြဿနာတွေ အပါအဝင် တခြားဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ကိစ္စတွေကြောင့် ကာတာရင်းနှီးမြှုပ်နှံရေး ဒါရိုက်တာအဖွဲ့ဟာလည်း အကြီးအကျယ်စိတ်ပျက်နေကြပြီး အရှုံးမပေါ်စေရေးအတွက် အလျင်အမြန် ရောင်းချနိုင်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
2 years Ago