ရောင်းချရန် ကြံစည်သူ

January 12, 2019

အမျိုးသမီး ၁ ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းချရန် ကြံစည်သူ ၃ ဦး ဖမ်းမိ

မန္တလေးတိုင်း​ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာ အမျိုးသမီးတဦးအား တရုတ်နိုင်ငံသား ဇနီးမယားအဖြစ်​ ရောင်းချဖို့ ကြံစည်စည်းရုံးနေသူ ၄ ဦးအနက် ၃ ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်​။ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို facebook လူမှုကွန်ရက်က ခင်မင်ခဲ့တဲ့ စည်သူဆိုသူက တရုတ်နိုင်ငံသား ဇနီးမယားအဖြစ်နဲ့ ၁ နှစ်ပေါင်းသင်း​နေထိုင်​မယ်​ဆိုရင်​ ကျပ်သိန်း ၅၀ ရမယ်​ဆိုပြီး ပြောဆိုစည်းရုံးခံခဲ့ရပါတယ်။ စည်းရုံးပြီးချိန်​မှာ တရုတ်နိုင်ငံကိုသွားဖို့ ဇန်နဝါရီ ၉ ရက်နေ့မနက်​ ၈ နာရီအချိန်​လောက်​မှာ မြဝတီမင်းကြီးနဲ့ သာယာဝတီမင်းကြီးလမ်းကြား ၆၄ လမ်းမှာရှိတဲ့ စည်​သူ၊ နိုင်နိုင်ဦး၊ ဇင်မောင်မောင်နဲ့ ဇာနည်မောင်မောင်တို့က ကြိုတင်ငွေအဖြစ်​ ၃ သိန်းပေးခဲ့ပါတယ်။ စည်းရုံးခံခဲ့ရတဲ့ အမျိုးသမီးကို ဇန်နဝါရီ ၁၀ ရက်နေ့ မနက်​ ၆ နာရီခွဲ​လောက်​မှာ  မူဆယ်ပို့ဖို့ ​ဇင်မောင်မောင်က တာဝန်ယူပြီး ပို့ခအဖြစ် ငွေ ၁၀ သိန်းရယူမှာ ဖြစ်​ပါတယ်။ မူဆယ်ရောက်တဲ့အခါ နိုင်နိုင်ဦးက တရုတ်ပြည်ကို မြန်မာငွေ ကျပ်သိန်း ၅၀ နဲ့ ရောင်းစားဖို့ စီစဉ်​နေကြချိန်မှာ စည်းရုံးခံခဲ့ရတဲ့ အမျိုးသမီးက တည်းခိုနေတဲ့ ဟိုတယ်က​နေ ထွက်ပြေးခဲ့ပြီး သူယ်ချင်းဖြစ်သူရဲ့ ကူညီမှုနဲ့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။ တရုတ်နိုင်ငံသား ဇနီးမယားအဖြစ်​ ရောင်းချဖို့ စည်းရုံးခဲ့ကြတဲ့ ဇင်မောင်မောင် ဇာနည်မောင်မောင်၊ စည်သူ တို့ ၃ ဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး နိုင်နိုင်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။ သူတို့​လေးဦးကို ပြည်ကြီးတံခွန်မြို့နယ်​ မြို့မရဲစခန်းက (ပ)၂၅/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ - ၂၄/၃၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
2 years Ago
Up